• Home
  • Car News
  • ရုရှားနိုင်ငံတွင် Toyota Land Cruiser အမိုးပေါ်၌ Mercedes-Maybach S-Class ကို တင်ဆောင်ကာ သယ်ယူ

ရုရှားနိုင်ငံတွင် Toyota Land Cruiser အမိုးပေါ်၌ Mercedes-Maybach S-Class ကို တင်ဆောင်ကာ သယ်ယူ

  • 220 views

 

ရုရှားနိုင်ငံမှ မြို့တစ်မြို့တွင် Toyota Land Cruiser အမိုးပေါ်၌ Mercedes-Maybach S-Class တစ်စင်းကို တင်ဆောင်ကာ သယ်ယူခဲ့ပုံ ဗွီဒီယိုဖိုင်တစ်ခု ပေါ်ပေါက်လာသည်။


ကိုယ်တိုင်မြင်မှသာ ယုံမည်ဆိုသည့် ဖြစ်ရပ်မျိုးပင်။

SUV တစ်စင်းက တန်ဖိုးကြီး ဆီဒင်တစ်စင်းကို တင်ဆောင်သယ်ယူသည့် ဖြစ်ရပ်မျိုး မည်သူမှ မကြားဖူးကြချေ။

ယခုဖြစ်ရပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရ။

သို့သော် ဗွီဒီယိုဖိုင်အတွင်းတွင် လမ်းဆုံဘေးရှိ အဆောက်အအုံတစ်ခု၌ Severnyy Rynok ဟု ရေးသားထား သည်ကို တွေ့ရသည်။

 

 

 

ထိုစကားလုံးမှာ ရုရှားဘာသာအားဖြင့် မြောက်ပိုင်းဈေးဟု အဓိပ္ပာယ်ရသည်။

Autoevolution ကားတစ်စင်းအဖွဲ့က ထိုနေရာကို Google တွင် ရှာဖွေကြည့်ရာ ရုရှားနိုင်ငံတွင် မြောက်ပိုင်းဈေး ဟူသော နေရာရှိသည့် မြို့ပေါင်း များပြားစွာ ရှိနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ၎င်းတို့က ထိုနေရာကို အတိအကျ သိနိုင်ရန်အတွက် ဖုန်းခေါ်ဆိုမှုများ၊ မက်ဆေ့ပို့ခြင်းများ ပြုလုပ် ကာ ရှာဖွေဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ရှာဖွေမှုကြောင့် သိရှိလာရသည်မှာ အဆိုပါ ဗွီဒီယိုကို ရုရှားနိုင်ငံတောင်ပိုင်း Rostov နယ်မြေ ၊ Rostov-on-Don အရပ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့မြို့တွင် လူဦးရေ ၁ ဒသမ ၁ သန်းနေထိုင်ပြီး ထိုဖြစ်ရပ်ကို တွေ့မြင်သူအချို့ ရှိခဲ့သည်။

 

 

လွန်ခဲ့သော နာရီအနည်းငယ်က YouTube တွင် လွှင့်တင်ခဲ့သော ၁၂ စက္ကန့်ကြာ ဗွီဒီယိုဖိုင်၌ Toyota Land Cruiser အမိုးပေါ်တွင် Mercedes-Maybach S-Class ကို တင်ဆောင်ကာ သယ်ယူနေပုံ တွေ့ရသည်။

Toyota Land Cruiser  အမိုးပေါ်တွင် သစ်တန်းများ ထားရှိကာ  Mercedes-Maybach S-Class  ကို ထိန်းချည်ထားပြီး သယ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အမိုးပေါ်မှ ကားပြုတ်မကျနိုင်တော့ချေ။

Mercedes-Maybach S-Class သည် အလျား ၂၁၄ ဒသမ ၇ လက်မ ၊ အနံ ၇၄ ဒသမ ၇၅ လက်မနှင့် အမြင့် ၅၈ ဒသမ ၉၈ လက်မ ရှိပြီး Wheelbase မှာ အလျား ၁၃၂ ဒသမ ၅ လက်မရှိသည်။

Long Wheelbase S-Class ထက် ၇ ဒသမ ၉ လက်မ ပိုရှည်သည်။

ထိုကား၏ ပိုင်ရှင်မှာ ရုရှားဘလော့ဂါ Chebotarev ဖြစ်သည်ဟု ဆိုသည်။

 

 

YouTube အပြင် လူမှုကွန်ရက်များတွင် တင်ခဲ့သော အဆိုပါ ဗွီဒီယိုတွင် မှတ်ချက်ဝင်ရောက် ရေးသားသူပေါင်း များစွာ ရှိနေသည်။

အချို့က မှတ်ချက်ပြုသည်မှာ Mercedes-Maybach S-Class တွင် အင်ဂျင်မရှိနိုင်ကြောင်း ၊ အင်ဂျင်မပါသော ကြောင့် ပေါ့ပါးနိုင်ကြောင်း မှတ်ချက်ပြုကြသည်။

သို့သော်3.0-Liter V6 အင်ဂျင်တပ် Mercedes-Maybach S-400 4MATIC ဖြစ်စေ ၊ V8 အင်ဂျင်တပ် Maybach S 500 ဖြစ်စေ ၊ V12 အင်ဂျင်တပ် S600 ဖြစ်စေ ၊ အင်ဂျင်မပါသည့်တိုင် Toyota Land Cruiser ပေါ်တွင် တင်ရန် ကြီးလွန်းနေဆဲ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Only in Russia: Toyota Land Cruiser Seen Carrying a Mercedes-Maybach S-Class on Its Roof (autoevolution)