- Home
- Car News
- ပိုင်ရှင်တဦးတည်း ပိုင်ဆိုင်ထားသော ရှားပါးအဖြူရောင် Porsche ၅၆ စင်းလုံး လေလံတင် ရောင်းချမည်………
ပိုင်ရှင်တဦးတည်း ပိုင်ဆိုင်ထားသော ရှားပါးအဖြူရောင် Porsche ၅၆ စင်းလုံး လေလံတင် ရောင်းချမည်………
- 347 views
ပိုင်ရှင်တဦးတည်းက ဝယ်ယူစုဆောင်းထားသော Porsche ၅၆ စင်းအပါအဝင် ကားအစင်းရေ ၆၀ ကျော်ကို လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး ကားအားလုံးမှာ အဖြူရောင်များ ဖြစ်သည်။
လေလံတင်ခဲ့သော ကားများသမိုင်းကြောင်းတလျှောက် ဈေးအကြီးဆုံး လေလံများတွင် တခုအပါအဝင် ဖြစ်လာပြီး ကားများ၏ စုစုပေါင်း တန်ဖိုးမှာ ပေါင် သန်း ၃၀ (ကန်ဒေါ်လာ ၃၆ သန်း) ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
လေလံကုမ္ပဏီ RM Sotheby’s က အဆိုပါကားများကို အမေရိကန်ပြည်ထောင်စုတွင် လာမည့် ဒီဇင်ဘာလ၌ လေလံတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ကားတစင်းစီတိုင်းကို ဈေးအမြင့်ဆုံးပေးသူအား ရောင်းချသွားမည် ဖြစ်သည်။
အောက်တွင် လေလံတင်မည့် ကားများအနက် အချို့ကို ထုတ်နှုတ်ဖော်ပြထားပါသည်။
ကားတစ်စင်းလျှင် ဒေါ်လာ ၁ သန်းကျော် ရရှိမည်ဟု မျှော်မှန်းထားသည်။
“ဒီကားတွေဟာ အော်ရီဂျင်နယ်အတိုင်းနီးပါးရှိပြီး မိုင်နှုန်းနည်းပါတယ်။ လက်ရှိ ဈေးကွက်ရဲ့ လူကြိုက်အများဆုံး Porsche တွေထဲမှာ ပါပါတယ်”ဟု RM Sotheby’s ၏ ကမ္ဘာလုံးဆိုင်ရာ လေလံအကြီးအကဲ Gord Duff က ပြောသည်။
ဈေးအသက်သာဆုံးမှာ ၁၉၉၀ ပြည့်နှစ်ထုတ် 944 S2 Cabrio ဖြစ်ပြီး ကန်ဒေါ်လာ ၆၀၀၀၀ ကျော်ဖြင့် လေလံတင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
(ပုလဲရောင် Porsche များ၏ ပိုင်ရှင်က ဒီဇင်ဘာတွင် ကျင်းပမည့် လေလံပွဲတွင် သူ၏ ကားများနှင့် လမ်းခွဲရန် စီစဉ်ထားသည်။)
ဤကားများကို ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်မှ ၂ ရက်ထိ ကျင်းပမည့် လေလံပွဲတွင် ရောင်းချသွားမည် ဖြစ်သည်။
ရောင်းချမည့် Porsche များအားလုံးသည် ခန့်မှန်းထားသည့် အမြင့်ဆုံးဈေးများ ရရှိခဲ့ပါက စုစုပေါင်းအားဖြင့် ကန်ဒေါ်လာ ၃၅၈၀၅၀၀၀ ခန့် ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
(ဤကားများကို RM Sotheby’s လေလံကုမ္ပဏီက ရောင်းချပေးမည် ဖြစ်သည်။)
(ရေဒီယိုနှင့် ရုပ်သံကြယ်ပွင့် ခရစ္စ အီဗန်သည်လည်း ၂၀၁၅ ခုနှစ်အတွင်းက Ferrari အပါအဝင် အခြားကားများကို ပေါင် ၁၁ သန်းဖြင့် လေလံတင်ရောင်းချခဲ့ဖူးသည်။)
(လေလံတင်ရောင်းချမည့်ကား စုစုပေါင်း ၆၃ စင်းရှိသည်။ ယင်းအနက် ၅၆ စင်းမှာ Porsche ပြိုင်ကားများ ဖြစ်သည်။)
(သက်တမ်းအရင့်ဆုံးမော်ဒယ်မှာ ၁၉၅၅ ခုနှစ်ခန့်က ထုတ်လုပ်ထားခြင်း ဖြစ်သည်။)
ပိုင်ရှင်တဦးတည်းက ပိုင်ဆိုင်ထားပြီး ကားများ ထိန်းသိမ်းစောင့်ရှောက်မည့်သူပင် ငှားရမ်းထားခဲ့သည်။
ကားများ ထားရှိသည့် နေရာတွင် လေလံပွဲကို ကျင်းပမည် ဖြစ်သည်။ မြောက်အမေရိက၏ တနေရာတွင်ဖြစ်ပြီး မည်သည့်နေရာဖြစ်သည်ကို ထုတ်ဖော်ကြေညာခြင်းမရှိသေး။
(အလွန်ရှားပါး လူကြိုက်များသော Porsche တို့၏ ဈေးနှုန်းမှာ မကြာသေးမီ နှစ်များအတွင်း ခေါင်ခိုက်လာခဲ့ သောကြောင့် ယခုကားများအတွက် ဒေါ်လာ သန်းပေါင်းများစွာ ရဖွယ်ရှိသည်။)
(ကားများ ထားရှိသည့်နေရာ၏ မြင်ကွင်းတခု။)
(အနီရောင် Porsche ထွန်စက် ၂ စင်းလည်း ပါဝင်သည်။)
(၂၀၁၅ ခုနှစ်ထုတ် 918 Spyder)
(၁၉၉၃ ခုနှစ်ထုတ် Porsche 911 Carrera RSR 3.8။ ပေါင် ၂ သန်းကျော် ရရှိမည်ဟု ခန့်မှန်းထားသည်။)
(၁၉၇၃ ခုနှစ်ထုတ် Porsche 911 Carrera RS 2.7။ ဒေါ်လာ ၁ ဒသမ ၇၅ သန်းမှ ဒေါ်လာ ၂ သန်းကြား ရရှိမည်ဟု ခန့်မှန်းထားသည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Collector to sell stash of 56 white Porsches at auction - that could make $36MILLION (thisismoney)