- Home
- Car News
- Cherry Myanmar Showroom Grand Opening နှင့် EV လျှပ်စစ်ကား မော်ဒယ်သစ် (၂) မျိုး မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်
Cherry Myanmar Showroom Grand Opening နှင့် EV လျှပ်စစ်ကား မော်ဒယ်သစ် (၂) မျိုး မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်
- 579 views
Cherry Myanmar Showroom Grand Opening နှင့် EV လျှပ်စစ်ကား မော်ဒယ်သစ် (၂) မျိုး မိတ်ဆက်ခြင်း အခမ်းအနားကို လှိုင်မြို့နယ်၊ အမှတ် (၂) ပြည်လမ်းနှင့်ခပေါင်းလမ်းထောင့်ရှိ Showroom တွင် ကျင်းပပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်ရေး Top 5 စာရင်းဝင်သည့် Chery ကားများကို Performance Auto International Co.,Ltd က မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချခွင့် ရထားကြောင်း သိရပါသည်။ Performance Auto International Co.,Ltd သည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ဆွီဒင်နိုင်ငံထုတ် ဇိမ်ခံကား အမှတ်တံဆိပ် Volvo Car များကို မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချခဲ့သည့် Company တစ်ခုလည်းဖြစ်သည်။
ယခုဖွင့်ပွဲပြုလုပ်သည့် အဆိုပါ 4S Showroom တွင် Chery မှထုတ်လုပ်ပြီး တင်သွင်းရောင်းချထားသော EV မော်ဒယ်သစ် (၂) မျိုးဖြစ်သည့် EQ1 နှင့် FX တို့ကို ရောင်းချပေးသွားမည်ဖြစ်ပြီး After-sale services များကို ဝန်ဆောင်မှုရရှိနိုင်ကြောင်းလည်း သိရသည်။
အဆိုပါဖွင့်ပွဲနေ့က Performance Auto International Co.,Ltd ၏ Branch Manager ကိုဇော်မျိုးထက်မှ "ဒီနေ့ပြုလုပ်တဲ့ Chery Myanmar Grand Opening က တရုတ်နိုင်ငံရဲ့ ထပ်တန်းကားထုတ်လုပ်ရေး Company တွေထဲမှာ Top 5 စာရင်းဝင်တဲ့ Chery ကားတွေကို မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချခွင့်ရလို့ အထူးပဲ ဝမ်းမြောက်မိပါတယ်” “ကျနော်တို့ရဲ့ Chery Myanmar 4S Showroom ကြီးမှာ Sale, Service, Spare Parts တွေကို တစ်နေရာတည်းမှာ One Stop Service ပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်" ဟုပြောကြားထားသည်။
Chery EQ1 မှာ တံခါး ၃ ပေါက် ၊ ၄ ယောက်စီးဖြစ်ပြီး Traffic များပြားလွန်းသည့် မြို့ပြများအတွင်း သွားရလွယ်ကူစေပြီး ကားပါကင်ထိုးရာတွင် အခက်အခဲမရှိ အဆင်ပြေကြောင်း၊ Battery နှင့် Performance အနေနှင့် 31 Kwh Lithium iron phosphate ဘက်ထရီကိုသုံးထားပြီး အများဆုံး Range က 219 km အထိ သွားနိုင်ကြောင်း၊ Maximum speed က 120(km/h) ရှိပြီး (0-50km/h) ကို 5.2 second ဖြင့် ရောက်ရှိနိုင်ကြောင်း သိရသည်။ AC/DC နှစ်မျိုးနှင့် အားသွင်းနိုင်ပြီး Fast Charging time တွင် ၃၀ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကို မိနစ် ၄၀သာ ကြာမည်ဖြစ်ပြီး ကြံ့ခိုင်မှုအနေနှင့် Chery EQ1 မှာ aluminium frame များဖြင့် တည်ဆောက်ပေးထားသဖြင့် မြင့်မားသည့် လုံခြုံမှု၊ ပေါ့ပါးသည့် ကိုယ်ထည်၊ သံချေးတက်ခြင်းကို ကာကွယ်နိုင်သော Safety ဖြစ်ကြောင်းသိရပါသည်။
Chery FX မှာ ၅ ယောက်စီး SUV Chery FX ကို ခေတ်ရေစီးကြောင်းနှင့်လျော်ညီသည့်ပုံစုံ၊ ဆွဲဆောင်မှုရှိသော ကားတစ်စီးအဖြစ် ထုတ်လုပ်ထားကြောင်း၊ နည်းပညာကောင်းများကို အသုံးပြုထားခြင်းကြောင့် မိသားစုများ အဆင်ပြေစေမည့် ကားတစ်စီးလည်းဖြစ်သည်။ Battery Capacity အနေဖြင့် 61 KW ကို သုံးထားပြီး တစ်ဆက်တည်းမောင်းနှင်းနိုင်သော အကွာအဝေး(Driving Range) က 430 km(WLTP) ဖြစ်ပြီး NEDC နှုန်းအရဆိုရင် (505 km) အထိ မောင်းနှင်းနိုင်မည်ကြောင်း၊ အမြင့်ဆုံး motor power မှာ 150kW ဖြစ်ပြီး Battery Consumption က 15.5 kWh ဖြစ်ကြောင်း၊ Fast charging time က ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းကို ၂၈ မိနစ်သာကြာပြီး AC နှင့် အားသွင်းလျှင် (ဝ)ကနေ ၁၀၀ ရာခိုင်နှုန်းပြည့်ထိကို ၇ နာရီကနေ ၈နာရီခွဲနီးပါးကြာမည်ဖြစ်ကြောင်း၊ အတွင်းခန်းတွင် ၁၂.၃ လက်မစီရှိသည့် ကြီးမားသည့် မျက်နှာပြင် နှစ်ခုပါရှိပြီး HUD (Head up Display), Cooling System ပါတဲ့ 50w wireless Mobile phone fast charging, Voice Command, Sony Speakers (၉)လုံး၊ Apple car play နှင့် Android Auto စနစ်များပါရှိကြောင်း၊ကိုယ်ထည်မှာ စွမ်းအားမြင့်သံမဏိအသုံးပြုမှုအချိုး ၇၈ ရာခိုင်နှုန်းအထိ ရှိသည့်အပြင် မတော်တဆယာဥ◌်တိုက်မှုဖြစ်ပါက ကားရှေ့ဘက်နှင့် နောက်ဘက်ကို သက်ရောက်မှု လျှော့ချပေးနိုင်သည့် စနစ်ပါရှိကြောင်း၊ ကားကိုယ်ထည်ကလည်း Road noise များကို အကောင်းဆုံး ကာကွယ်ပေးနိုင်သလို ဘရိတ်အုပ်ခြင်း၊ ထောင့်ချိုးအကွေ့များတွင် ကိုယ်ထည်ကို ကောင်းစွာထိန်းချုပ်နိုင်ကြောင်း၊ထို့အပြင် L2.5 ADAS စနစ်ကို သုံးထားကာ Rear Cross Traffic Brake (RCTB), Lane Change Assist (LCA), Blind Spot Detection (BSD), Emergency Lane Keeping (ELK), Lane Departure Warning, Around View Monitor, Adaptive Cruise Control, Speed Limit Assist, Rear Cross Traffic Alert, Airbags (၆)လုံး၊ ကုန်းဆင်းနှင့် ဘရိတ်နင်းရင်ဘက်ထရီကို အားပြန်သွင်းပေးသည့်စနစ် စသည့် safety features တွေကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။
Chery Group ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ ၎င်း၏လုပ်ငန်းခွဲဖြစ်သည့် Chery Automobile မှ ကမ္ဘာလုံးဆိုင်ရာ ကားအမှတ်တံဆိပ်တစ်ခုအနေဖြင့် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ထိပ်တန်းတရုတ်ခရီးသည်တင်ကားတင်ပို့သူအဖြစ် ၂၂ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ်မှစ၍ ၎င်း၏အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၃၈ ရာခိုင်နှုန်းတိုးခဲ့ကြောင်း၊ ယမန်နှစ်တွင် ကားအစီးရေ ၂ ဒသမ ၆သန်းအထိ ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လကုန်တွင် Chery Group ၏ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုသူ ၁၅ သန်းကို ကျော်လွန်သွားခဲ့ကြောင်း၊ Chery အနေနှင့် ၎င်း၏ဗျူဟာမြောက်သော အမှီအခိုကင်းသည့် ဆန်းသစ်တီထွင်မှုကို လိုက်နာပြီး နည်းပညာ R&D နှင့်ပတ်သက်၍ ထုတ်ကုန်ဆန်းသစ်တီထွင်မှုစနစ်ကို တည်ဆောက်ထားကြောင်း၊ Chery ၏ ပို့ကုန်ထုတ်ကုန်အပိုင်းတွင် Tiggo စီးရီး၊ Arrizo စီးရီးနှင့် eQ စီးရီးများလို ICE, BEV နှင့် PHEV ကဲ့သို့သော ကားတွေထုတ်လုပ်ထားကြောင်းသိရပါသည်။
CarsDB.com မှ ရေးသားဖော်ပြသည်။