Full article

စက်မှုဇုန်ထုတ်ကားများ ကို ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့် စတင်အပ်နှံခွင့်ပြုသောနေ့တွင် ကားစလစ်ဈေးနှုန်းများ ပြုတ်ကျ သွားကြောင်း ကားဝယ်ရောင်း ဈေးကွက်မှ သတင်းရရှိသည်။ဇုန်ထုတ်ကားများ စတင် လက်ခံသော ဇူလိုင် ၁၄ ရက်တွင် ကားပြန်အပ်မှု များပြားနေပြီး ဈေးကစားသူများကြောင့် စလစ် နှင့် ဂျစ်ကားဈေးများ ကျပ်သိန်း ဆယ်ချီကျဆင်းသွားသဖြင့် ဈေးကောင်း စောင့်ဆိုင်းလိုက်သူများ အဆင်မပြေ ဖြစ်သွားရကြောင်း ကားဈေးကွက်မှ သတင်းရရှိသည်။

myanmar-jeep-500x377သက်ဆိုင်ရာ ကုန်းလမ်းပို့ ဆောင်ရေးရုံးများတွင် ဇုန်ကား များ စတင်အပ်နှံခံသောနေ့တွင် ပင်ဇုန်ကားများ လာရောက်အပ် နှံမှုများနေပြီး လက်ခံလိုက်ပါက စလစ်များ များလာသည့်အတွက် ဈေးကွက်က ဈေးလျှော့ပေးလာ သောကြောင့် ဂျစ်ကားနှင့် စလစ်များ ဈေးကျဆင်းလာခဲ့သည်။

ဇုန်ကားများ စတင်လက်ခံ လိုက်သော နေ့တွင်ပင် ဂျစ်ကား ခေါ်ဈေးနှင့် ၁က စလစ်ကားများ ဈေးကွက်မှာ ကျပ်သိန်း ၂ဝ ကျော်ကျဆင်းလာခဲ့သည်။

''အစကတော့ အအပ်ခံ လိုက်ရင် ဇုန်ကားဈေးတွေ တက် လာမယ်ထင်ပြီး တချို့မထုတ် သေးဘဲ ထားတာတွေရှိပေမယ့် အခုက အအပ်ခံလိုက်တဲ့အချိန် မှာ ကားဈေးရော၊ စလစ်ဈေးတွေ ပါ ထပ်ကျသွားတယ်။ ဒီရက်ပိုင်း တွေမှာ ဈေးတွေက ဆက်ကျ သွားနိုင်သေးတယ်''ဟု ကားဈေး ကွက်မှ ဝယ်ရောင်းပြုလုပ်နေသူ ဦးအောင်သန်းဦးကပြောသည်။

ဂျစ်ကားများ အပ်နှံမှုလက်ခံမည်ဟု သတင်းထုတ်ပြန်သော ဇူလိုင် ၈ ရက်တွင် ကျပ်သိန်း ၅ဝ ဝန်းကျင် ပေါက်ဈေးရှိနေသော ကားများကို ကျပ်သိန်း ၂ဝ ဈေး မြှင့်ကာ ကျပ်သိန်း ၇ဝအထိ ဈေး မြင့်ခေါ်လိုက်သည်။ သို့သော် ယခု အပ်နှံခံလိုက်သည့်နေ့တွင် ဂျစ်ကားဈေးနှုန်းများ ကျပ်သိန်း ၅ဝ-၅၅ သိန်းခန့်အတွင်းသာ အရောင်းအဝယ် ဖြစ်နေတော့ ကြောင်း ကားဝယ်ရောင်းဈေး ကွက်မှ သိရသည်။

ထို့အတူ အပ်နှံခံနေသော ၁က စလစ်ကားများ ဈေးကွက်မှာ လည်း ယခင်က ကျပ်သိန်း ၁၁ဝ ခန့်ရှိနေရာမှ ဇုန်ကားအပ်နှံမှုများ ပြုလုပ်လိုက်သော ရက်တွင် ၈၅ သိန်းအထိ ဈေးနှုန်းများကျဆင်း သွားသည်ဟု ကားဝယ်ရောင်း ပြု လုပ်သူများကဆိုသည်။

''ကားတွေ အပ်နှံခံလိုက် တော့ စလစ်ဈေးတွေက အများ ကြီးလည်းထွက်လာမယ်ဆိုတော့၊ဈေးကစားသူတွေလည်းရှိတော့ ဈေးတွေက ကျသွားတာ။ စောင့် နိုင်လို့ နောက်ပိုင်းစလစ်တွေ ရှား လာရင်တော့ ဈေးကပြန်တက် လာမှာပဲ'' ဟု ကားဝယ်ရောင်းပြု လုပ်သူတစ်ဦးကပြောသည်။

လက်ရှိ ယာဉ်အိုယာဉ် ဟောင်းစနစ်ဖြင့် အပ်နှံခံနေ သော ၁ကနှင့် ဂျစ်ကားစလစ်များ ပေးဆောင်ရမည့် ကညနခွန် များမှာ CIF တန်ဖိုးအလိုက် နှစ်ဆထိ ကွာခြားမှုရှိနေသည်။

ဇုန်ထုတ်ကားများကို ဖျက် သိမ်းခွင့်ပြု၍ အစားထိုးတင်သွင်း ရာတွင် CIF ကန်ဒေါ်လာ ၁၅ဝဝဝနှင့် အောက်ယာဉ်ကိုသာ တင် သွင်းခွင့်ပြုပြီး ၂ဝ ရာခိုင်နှုန်း လျှော့ပေါ့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

စက်မှုဇုန်ကားများဖြစ်သော် လည်း ယာဉ်တိုက်မှု ဖြစ်ပွားပြီး အပ်နှံလျှင် သတ်မှတ်ခွင့်ပြုမည့် ယာဉ်သာ တင်သွင်းခွင့်ပြုပြီး ၁ဝ ရာခိုင်နှုန်းသာ အခွန်လျှော့ပေါ့ မည်ဖြစ်သည်။

7 Days Daily Journal 15 July 2014 မှ ကူးယူဖော်ပြပါသည်။ မူလဆောင်းပါးရှင် – သိမ့်သိမ့်စိုး

Author