Full article

ဇုန်ကားဂယက်များ ငြိမ်သက်သွားသောကြောင့် စလစ်ဈေးများ ပြန်လည်မြင့်တက်သွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။

6454156569_c8a26332fa_zပြီးခဲ့သည့် ဇွန် ၁ဝ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စက်မှုဇုန်ထုတ်ကားများ အပ်နှံပေးရေးနှင့် ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့သော်လည်း မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကို ခန့်မှန်းရခက်ခက်နေသောကြောင့် လက်ရှိ အပ်ကားများကိုသာ ပြန်လည် အာရုံစိုက်လာကြကြောင်း ကားဝယ်/ရောင်းတစ်ဦးက ဆိုသည်။

"ဇုန်ကားသတင်းတွေ ထွက်ပေါ်လာတဲ့နောက်ပိုင်းမှာ စလစ်ဈေးက သိန်းတစ်ရာဝန်းကျင်အထိ ကျဆင်းသွားခဲ့ပေမဲ့ ဘာဖြစ်လာမလဲဆိုတာ အတိအကျမသိသေးတဲ့အတွက် လက်ရှိအပ်ကားတွေကို ပြန်ပြီး အာရုံစိုက်နေကြပါတယ်၊ အပ်ကားတွေလည်း ရှားပါးနေပြီး လိုအပ်တဲ့သူတွေရှိတဲ့အတွက် စလစ်ဈေးက တဖြည်းဖြည်း မြင့်တက်သွားခဲ့ပြီး ဒီရက်ပိုင်းအတွက် " ၁က" အက္ခရာ အမည်ပေါက်တစ်စောင်ဟာ သိန်း ၁၁ဝ အထက်ကို ပြန်ပြီး ရောက်ရှိသွားခဲ့ပါတယ်" ဟု ကားဝယ်/ရောင်းတစ်ဦးက ဆိုခဲ့သည်။

ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စလစ်ဈေးကွက်အရ "၁က" အက္ခရာ စလစ်တစ်စောင်လျှင် ကျပ် ၁၁၁သိန်း ဝန်းကျင်၊ တက္ကစီစလစ် တစ်စောင်လျှင် ကျပ်၆၆သိန်းဝန်းကျင် ပေါက်ဈေးရှိသည်။ စက်မှုဇုန်ထုတ် ဂျစ်ကားများမှာ အရောင်းအဝယ်ပြန်လည်အေးစက်သွားပြီး ကျပ်၄၅ သိန်း ဝန်းကျင်ဖြင့ ဈေးများ ရပ်တန့်နေသည်။ "၂က" အက္ခရာ ကားများမှာမူ ဝယ်ယူစုဆောင်းထားသူ နည်းပါးသောကြောင့် သိန်း ၈ဝ မှ ၈၅ သိန်း ကြားတွင် ရှိနေကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

Reference: Automobile Journal, 27 June 2014 မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Author