Full article

စက်မှုဇုန်ထုတ်ကားများကို အပ်နှံ ခွင့်ပေးမည်ဆိုပါက နှစ် နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မ ကိုက်ညီတော့ကြောင်း 'နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Zone-Car-

ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် လွှတ်တော် အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက်တာ မြတ်ဥာဏစိုးက "စက်မှုဇုန်များမှ ထုတ် လုပ်ခဲ့သည့် အရည်အသွေးနိမ့်ကျသော မော်တော်ယာဉ်များအတွက် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုတွင် ထည့်သွင်းဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုကြောင်း" ရထားပို့ ဆောင်ရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့သည်။ ထိုမေးခွန်းနှင့် ပတ်သက်၍ ကားဟောင်းဈေးကွက် လှုပ်ခတ် သွားပြီး စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့် ပြု၊ မပြုကိစ္စကို ကား လောကအတွင်း အငြင်းပွားဖွယ် ဖြစ်နေခဲ့သည်။ စက်မှုဇုန်ထုတ် ကားများ အပ်နှံခွင့် ပြု၊ မပြုကိစ္စနှင့် ပတ်သက်၍ ကညနမှ အရာရှိတစ်ဦးက "ကညနရဲ့ ယာဉ်အို၊ ယာဉ် ဟောင်း အပ်နှံမှု ပေါ်လစီအရ နှစ် နှစ်ဆယ်ကျော် ကားတွေကိုပဲ အပ်နှံခွင့်ပေး တာ ဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ စလစ်ဈေးက ကောင်းနေတဲ့အတွက် စက်မှုဇုန်ကားတွေ ကဝင်တိုးတာ ဖြစ်ပါတယ်၊ လွှတ်တော်မှာ ဒေါက်တာ မြတ်ဥာဏစိုးက စက်မှုဇုန် ထုတ်ကားတွေက Road Safety မဖြစ်ဘူး၊ အပ်လို့ရမလားဆိုပြီး မေးတဲ့အခါ ရထားပို့ ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ကားတွေကို အပ်နှံခွင့်ပေးဖို့ ပြန်ပြီး သုံးသပ်ပါမယ်လို့ ဖြေကြားခဲ့ပါတယ်၊ စက်မှုဇုန်ထုတ်ကားတွေက ၂ဝဝ၁ ခုနှစ်က စပြီး ထုတ်ထားတာ ဖြစ်တဲ့အတွက် နှစ် နှစ်ဆယ် မကျော်သေးပါဘူး၊ ကားဟောင်း စလစ်ဈေးက တက်နေတဲ့အတွက် ကောလာဟလတွေ အမျိုးမျိုး ထုတ် လွှင့်နေတဲ့အပေါ်မှာ ပြည်သူလူထုတွေက ရိုက်ခတ်မှုခံနေရတာ ဖြစ်ပါတယ်၊ မူဝါဒအရ လုပ်တော့လည်း စက်မှုဇုန်ကားတွေက စုတ်နေပြီ၊ Road Safety မဖြစ်ဘူးဆိုပြီး ပြောကြပြန်တယ်၊ အရင်ကတော့ စက်မှုဇုန်ထုတ်ကားတွေက ကောင်းလှပါပြီ ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်၊ စက်မှုဇုန်ထုတ်ကား ဆိုတာကလည်း ဖြတ်၊ ညှပ်၊ ကပ် လုပ် ထားပြီး သူများကားကို ကိုယ့်ကား လုပ်ထားတာ ဖြစ်တယ်၊ ဒါပေမဲ့ စက်မှုဇုန်ထုတ်ကားတွေ အပ်နှံခွင့် ပြု၊ မပြုဆိုတဲ့ ကိစ္စက လွှတ်တော်အထိ ရောက်သွားတဲ့အတွက် အပ်နှံခွင့် ပြုမယ်ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်"ဟု ပြောကြားခဲ့ သည်။ စက်မှုဇုန်ထုတ် ကားများကို ၂ဝဝ၁ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ရာ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအထိ အစီးရေ ၉၆,၆၄၈ စီး မှတ်ပုံတင်ပြုလုပ်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Ref : Automobile

Author