Full article

လက်တလော ပြောင်းလဲနေသည့် မူဝါဒအပြောင်းအလဲများကြောင့် စက်မှုဇုန်ထထုတ်ကားများ ထုတ်လုပ်မှုရပ်တန့်သွားနိုင်ကြောင်း စလစ်ကပ်ကားအရောင်းပြုလုပ်နေသူများကဆိုသည်။ အဆင့်မီကားထုတ်လုပ်သည့် စက်ရုံများများပြားလာခြင်း မကြာခဏပြောင်းလဲနေသော မော်တော်ယာဉ်မူဝါဒများကြောင့် ဇုန်ထုတ်ကားထုတ်လုပ်မှုရပ်တန့်လာနိုင်ကြောင်းပြောသည်။ လက်ရှိပြောင်းလဲနေတဲ့ မူဝါတွေနဲ့ ကားထုတ်လုပ်တဲ့ စက်ရုံတွေကလည်း အများကြီးဝင်ရောက်လာပြီဆိုတော့ စက်မှုဇုန်တွေရပ်သွားနိုင်တယ်။ ဇုန်ကားက တစ်ခြားကားတွေလို ကြံ့ခိုင်မှုလည်းမရှိဘူး။ ရပ်သင့်နေတာလည်းကြာပါပြီ ဟုကားဈေးကွက်ခန့်မှန်းသူများကပြောသည်။

ဇူလိုင်လအတွင်းထုတ်ပြန်ခဲ့သည့် မူဝါဒဖြစ်သော ပစ်ကပ်နှင့် လိုက်ထရပ်ယာဉ်များကို လူစီးယာဉ်ခွင့်ပြုမပေးခြင်းတို့ကြောင့် ဇုန်ကားဝယ်ယူမှုလည်းမရှိတော့ကြောင်းသိရသည်။

Author