ရန်ကုန်လိုင်စင်ရရှိမည့် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်တင်သွင်းခွင့်လက်မှတ်(YVQC)ဝယ်ယူပြီး အကြောင်းအမျိုးမျိုးကြောင့် တိုက်ကြေကား ဖြစ်သွား၍ ကြားပန်သွင်းပါက ရန်ကုန်လိုင်စင်လက်မှတ် ပြန်ဝယ်ရန်မလေိုကြာင်း သိရသည်။ ထိုကဲ့သို့ ရန်ကုန်လိုင်စင် လက်မှတ်ကို အင်ဂျင်ပါဝါအတိုင်း ခွဲတမ်းစနစ်ဖြင့် ရောင်းပေးမည်ဖြစ်ရာ ယာဉ်တိုက်မှု ဖြစ်ပေါ်သဖြင့် တိုက်ကြေကားအပ်ပြီး အသစ်တစ်စီး ပြန်လည်တင်သွင်းမည်ဆိုလျှင် ဝယ်ယူထေားသာ လက်မှတ်ဈေးအတိုင်း အင်ဂျင်ပါဝါတူကားကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်လိုင်စင် လက်မှတ်ဝယ်ပြီး ယာဉ်တိုက်မှုဖြစ်လို့ ကားအပ်ကာ တစ်ဈီးပန်သွင်းမယ်ဆိုရင်တော့ အရင်ဝယ်ထားတဲ့ လက်မှတ်ကို ဆက်သုံးလို့ရတယ်။ ဒေါပမယ့် ဝယ်တဲ့လက်မှတ်ဈေးတူတဲ့ကားကို ရန်ကုန်လိုင်စင် ပြန်သွင်းလို့ရတယ်။" ဟု ရန်ကုန်လိုင်စင် YVQC ခွဲတမ်းလက်မှတ်စနစ်လုပ်ဆောင်နေသူ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ရန်ကုန်လိုင်စင် YVQC ခွဲတမ်းလက်မှတ်ကို ရောင်းချေပးရာတွင် မော်တော်ယာဉ်များ၏ အင်ဂျင်ပါဝါ အလိုက် ၁၆၀၀စီစီ အထိကားများကို ကျပ်သိန်း ၃၀ ၊ အင်ဂျင်ပါဝါ ၁၆၀၁ စီစီမှ ၃၀၀၀ စီစီ အထိကားများကို ကျပ်သိန်း ၆၀ ၊ ၃၀၀၀ စီစီ နှင့် အထက်ကားများကို ကျပ်သိန်း ၉၀ အထိ ဈေးနှုန်းသတ်မှတ်၍ ထေားကြာင်း သိရပါသည်။
Regulation