ရန်ကုန်လိုင်စင် YVQC စနစ် ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြထားပြီး မေလတွင် စတင်မည်

0

Full article

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC )လတ်မှတ်စနစ် လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြထားလိုက်ပြီးဖြစ်ရာ ခွင့်ပြုချက်ရပါက မေလမှသာ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate လတ်မှတ်စနစ်အား ယခင်က ဧပြီလ ၁ ရက်တွင်စတင်ခွင့်ပြုနိုင်ရန်လျှာထားခဲ့ပြီး လက်မှတ်စနစ်ကို ငွေကြေးနှင့်ဝယ်ယူရသော စနစ်ဖြစ်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြထားရာ မေလတွင် စတင်သွားမှာဖြစ်ကြောင်းသိရသည်။

" YVQC ကိုယ်တာစနစ်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြထားလိုက်ပါပြီ။ ဒီစနစ်က ငွေကြေးနဲ့ လက်မှတ်ဝယ်ယူရမယ့် စနစ်ဖြစ်လို့ ဒီအတိုင်းလုပ်လို့မရဘူး။ ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြထားတယ်။ မေလ လောက်တော့ ရန်ကုန်လိုင်စင်ကို ခွင့်ပြု ပေးမယ်လို့ထင်တယ်။" ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

ရန်ကုန်လိုင်စင် YVQC စနစ်ကို အင်ဂျင်ပါဝါ 0 CC မှ 1600 CC ကားများ ကို ကျပ်သိန်း ၃ဝ၊ 1601 CC မှ 3000 CC ထိ ကားများကို ကျပ်သိန်း ၆ဝ၊ 3001 CC နှင့်အထက်ကားများကို ကျပ်သိန်း ၉ဝ နှင့် လုပ်ငန်းသုံးပစ်ကပ်ကားများ ကျပ် ၁ဝ သိန်း သတ်မှတ်ထားရှိကြောင်း သိရပါသည်။

Policy

Author