ရန်ကုန်လိုင်စင် YVQC စနစ် ခွင့်ပြုရာတွင် ၂ဝ၁၅ ခုနှစ်အောက်ကားများ ယခင်အတိုင်း ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ရမည်

0

Full article

ရန်ကုန်လိုင်စင် YVQC စနစ် ခွင့်ပြုရာတွင် ၂ဝ၁၅ ခုနှစ်အောက်ကားများ ယခင်အတိုင်း ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ရမည် ဖြစ်ကြောင်း ရန်ကုန်လိုင်စင် စနစ်လုပ်ဆောင်ရာတွင် ပါဝင်နေသူ တာဝန်ရှိသူတစ်ဦးထံကနေ သိရသည်။

" ရန်ကုန်လိုင်စင်ကို အမြန်ဆုံးခွင့်ပြုပေးဖို့လုပ်နေပါတယ်။ ၂ဝ၁၅ မိုဒယ်ကားတွေကတော့ အရင်လို ပုံမှန်အတိုင်း ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ရမယ်။ နယ်လိုင်စင်ကားတွေကတော့ YVQC စနစ်ဝယ်မယ်ဆိုရင် အခြေအနေတစ်ခုကြည့်ပြီးမှ ပြန်ပေးမယ်၊မပေးဘူးဆိုတာ စဉ်းစားမှာပါ။"ဟု ရန်ကုန်လိုင်စင် စနစ်လုပ်ဆောင်ရာတွင် ပါဝင်နေသူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) စနစ်ကို ၂ဝ၁၈မိုဒယ်ကနေ ၂ဝ၁၆ မိုဒယ်အထိကို မော်တော်ယာဉ် အမျိုးအစားနှင့် အင်ဂျင်ပါဝါအလိုက် ၁၆ဝဝစီစီ အထိကားများကို ကျပ်သိန်း ၃ဝ ၊ အင်ဂျင်ပါဝါ ၁၆ဝ၁ စီစီမှ ၃ဝဝဝ စီစီ အထိကားများကို ကျပ်သိန်း ၆ဝ ၊ ၃ဝဝ၁ စီစီ နှင့် အထက်ကားများကို ကျပ်သိန်း ၉ဝ အထိ ဈေးနှုန်းသတ်မှတ်ထားရှိကြောင်း သိရသည်

Regulation

Author