ရန်ကုန်လိုင်စင် YVQC စနစ် အင်ဂျင်ပါဝါအလိုက် တန်ဖိုးသတ်မှတ်မှုကို ကြီးကော်မှ သဘောတူလိုက်ပြီဖြစ်

0

Full article

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) လတ်မှတ်စနစ် အင်ဂျင်ပါဝါအလိုက် တန်ဖိုးသတ်မှတ်ရန်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြီးကော်ထံတင်ပြထားခဲ့ရာ ကြီးကော်မှ သဘောတူလိုက်ပြီဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီကနေ သိရသည်။

ရန်ကုန်လိုင်စင် YVQC စနစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ကြီးကော်ထံတင်ပြထားရှိပြီး ရန်ကုန်လိုင်စင် ရောင်းချမည့် အစီအစဉ်ကို ဇွန်လအတွင်း စတင်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

"ရန်ကုန်လိုင်စင် အတွက် အင်ဂျင်ပါဝါအတိုင်း တန်ဖိုးသတ်မှတ်တာကို သဘောထားပြန်ကြားပြီးဖြစ်ပါတယ်။ အချက်တော်တော်များများကို သဘောတူလိုက်ပါတယ်။ အချို့အချက်တွေကတော့ ဌာနတွေနဲ့ ပြန်ဆွေးနွေးရမယ့် အချက်တွေရှိတယ်။ ဒါကလည်း ပြည်ထောင်စု အစိုးရအဖွဲ့က ဆုံးဖြတ်ရဦးမှာပါ။" ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ရန်ကုန်လိုင်စင်ကို ပိတ်ထားခဲ့သည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီး ယခုအခါ ရန်ကုန်လိုင်စင် YVQC စနစ်ကို အင်ဂျင်ပါဝါ 0 CC မှ 1600 CC ကားများကို ကျပ်သိန်း ၃ဝ၊ 1601 CC မှ 3000 CC ထိ ကားများကို ကျပ်သိန်း ၆ဝ၊ 3001 CC နှင့်အထက်ကားများကို ကျပ်သိန်း ၉ဝ နှင့် လုပ်ငန်းသုံးပစ်ကပ်ကားများကို ကျပ် ၁ဝ သိန်းအထိ ဝယ်ယူရန် သတ်မှတ် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Regulation

Author