ရန်ကုန်လိုင်စင် YVQC စနစ် ခွင့်ပြုရန် ရှေ့နေချူပ်ရုံးက သဘောထားမှတ်ချက် ပေးပို့လာသည့် မူဝါဒ အချက်အလက်များနှင့် ကိုက်ညီမှုမရှိ၍ ပြန်လည်ပြင်ဆင် ဆွေးနွေးမှုများပြုလုပ်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဆွေးနွေးပွဲကသိရသည်။
" ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ဖို့ ရှေ့နေချူပ်ရုံးက သဘောထားမှတ်ချက် အချက်အလက်အနည်းငယ် မကိုက်ညီလို့ ပြန်လည်ဆွေးနွေးတာတွေ လုပ်ရမှာပါ။ရှေ့နေချုပ်ရုံးက သဘောထားမှတ်ချက်မှာ တစ်ချိူ့အချက်တွေက မူဝါဒသတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ ပြန်လည်ပြင်ဆင်ဆွေးနွေးရမှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ အစည်းအဝေး ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC )လက်မှတ်စနစ် အင်ဂျင်ပါဝါအလိုက် တန်ဖိုးသတ်မှတ်ရောင်းချသွားရန်အတွက် အောက်တိုဘာတွင် လုပ်ဆောင်သွားမည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ကြီးကော်အစည်းအဝေးတွင် ရှေ့နေချူပ်ရုံး၏ မူဝါဒများနှင့် ကိုက်ညီမှုမရှိ၍ ရန်ကုန်လိုင်စင် ခွင့်ပြုရန် အနည်းငယ်ပြန်လည်ကြာမြင့်မည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင် ရန်ကုန်လိုင်စင်ရရှိရန် ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းသည့် စလစ်ကပ်စနစ်နှင့် ပြည်တွင်းထုတ် SKD စနစ် ကားများကိုသာ ခွင့်ပြုပေးထားရာ ရန်ကုန်ယာဉ်ကြောကြပ်ကြပ်တည်းမှုကြောင့် ကားပါကင်ထောက်ခံချက်နှင့် ရန်ကုန်လိုင်စင်ခွင့်ပြုခြင်းကို ၂ဝ၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိခဲ့ကြောင်းသိရသည်။
Car Policy