City Taxi မှတ်ပုံတင်ခြင်းပျက်ကွက်သည့်ယာဉ်များကို အရေးယူမည့် ဥပဒေ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟုဆို

0

Full article

City Taxi မှတ်ပုံတင်ခြင်းပျက်ကွက်သည့်ယာဉ်များကို အရေးယူရမည့် ဥပဒေ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး အမှန်တကယ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

“ကားနဲ့ပတ်သက်ရင် ၂၀၁၅ မော်တော်ယာဉ်ဥပဒေရှိတယ်။ လုပ်ငန်းနဲ့ပတ်သက်ရင် လုပ်ငန်းဥပဒေရှိတယ်။ နောက်တစ်ခုက ဒေသန္တရ အရ ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်များရှိပါတယ်။ အခုအချိန်မှာ ဘာနဲ့အရေးယူမယ်ဆိုတာကိုမပြောသေးပါဘူး။ YRTA အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားပါမယ်။ ညီညွှတ်တဲ့ တည်ဆဲဥပဒေ အမိန့်ညွှန်ကြားချက်များနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်လို့ပဲ ပြောထားပါရစေ။ ဥပဒေတွေမှာလည်း ပြဋ္ဌန်းထားတာရှိပြီးသားပါ။ အမိန့်ညွှန်ကြားချက်တွေလည်းရှိပြီးသားပါ။ နောက်ဆုံးပြောရရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသည်ပင်လျှင် ဒီထဲမှာအကျုံးဝင်ပါတယ်။ အရေးယူမယ်ပြောပြီး အရေးမယူတာမျိုးတော့ မဖြစ်ချင်ပါဘူး။” ဟု ရန်ကုန်တိုင်းဒေကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၁၉ ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပခဲ့သော YRTA မီဒီယာတွေ့ဆုံပွဲ (၅/ ၂၀၁၉) တွင် ပြောကြားခဲ့သည်။

City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်နောက်ဆုံးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာရင်းများအရ City Taxi မှတ်ပုံတင်အသစ်ပြုခြင်း ၂၇၄ စီးနှင့် သက်တမ်းတိုးခြင်း ၅၆၄ စီး လာရောက်ဆောင်ရွက်ထားကြောင်းသိရသည်။

Reporter: Zing

Author