ဘတ်စ်ကား မှတ်တိုင်များတွင် ရပ်နားထားသော တက္ကစီများ လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူရန် YRTA သတိပေး

0

Full article

ဘတ်စ်ကား မှတ်တိုင်များတွင် ကြာမြင့်စွာ ရပ်နားထားသော တက္ကစီများ လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူရန် YRTA သတိပေးလိုက်ပြီဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

ထိုကဲ့သို့ ဘတ်စ်ကား မှတ်တိုင်များတွင် ရပ်နားထားသော အဌားယာဉ် တက္ကစီများ လမ်းကွေ့ကြော ဖရီးကြောများတွင် ရပ်နားပြီး ခရီးသည်တင်နေသော တက္ကစီများကို အရေးယူရာတွင် ကရိန်းဖြင့်ဆွဲယူခြင်းများ နှင့် လုပ်ငန်းလိုင်စင် စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

"ဘတ်စ်ကား မှတ်တိုင်တွေမှာ ရပ်နားတဲ့ တက္ကစီတွေ ဖရီးကြောမှာရပ်တဲ့ တက္ကစီတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်။ ကရိန်းနဲ့ဆွဲတာတို့ လုပ်ငန်းလိုင်စင် စစ်ဆေးပြီး နံပါတ်အနက်ကို ပြန်ပြောင်းလဲသွားမယ် "ဟု အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်မရပ်ရနေရာများတွင် ရပ်နားထားသောယာဉ်များ၊ ယာဉ်နှစ်ထပ်ရပ်တန့်ထားသော ယာဉ်များ၊ ဖြူနီကျားရေးဆွဲထားသည့် နေရာများတွင် ရပ်နားထားသော ယာဉ်များ အချက်ပြမီးပွိုင့်ဧရိယာအတွင်း ရပ်နားထားသောယာဉ်များကိုလည်း ထိရောက်စွာ အရေးယူမည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက နိုင်ငံပိုင်သတင်းစာများတွင် အသိပေးနှိူးဆော်ထားသော်လည်း ကားရပ်နားရန် Stand များ မလုပ်ပေးနိုင်၍ ပုံမှန်အတိုင်းရပ်နားထားမှုများလည်း ရှိနေသေးကြောင်း သိရပါသည်။

Law Enforcement

Author