YBS ယာဉ်လိုင်းများမှ YRTA ခွင့်ပြုချက်မရှိဘဲ ပြေးဆွဲနေသည့် ကားများ အရေးယူမည်

0

Full article

ရန်ကုန်မြို့တွင်း ခရီးသည်တင် YBS ကားများအားလုံးတွင် စတေကာများတပ်ဆင်၍ Mobile application မှ စစ်ဆေးသည့် နည်းပညာမြင့် စနစ်ကျင့်သုံးသွားမည်ဖြစ်ရာ YRTA ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြေးဆွဲ နေသည့် YBS ကားများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ မှ သိရသည်။ထို့အပြင် YRTA ခွင့်ပြုချက်မယူဘဲ ပြည်ပတင်သွင်း ယာဉ်ကုမ္ပဏီ များထံမှဝယ်ယူ၍ ယာဉ်လိုင်းဝင်ရောက်ပြေးဆွဲနေခြင်းများမှ ပြေးဆွဲခွင့်ကိုပါရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ သိရသည်။

" ယာဉ်လိုင်းတွေမှာ ကုမ္ပဏီ တွေက ဝယ်ယူပြီး ယာဉ်လိုင်းထဲမှာ ပြေးဆွဲနေတဲ့ ကားတွေရှိတယ်။ ကားတွေကို စတေကာတွေ တပ်ပြီးရင် ခွင့်ပြုချက်မရှိဘဲ ဝင်ပြီးပြေးဆွဲနေကြတဲ့ကားတွေ အရေးယူမယ်" လို့ အမျာပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရသည်။

ခရီးသည်တင် YBS ကားများ၊ စည်းကမ်းဖောက်ဖျက်သော ယာဉ်များအရေးယူရန် စစ်ဆေးသည့် အဖွဲ့ပေါ်င်း ၂ဝ ဖွဲ့စည်းထားရှိပြီး ထိုအဖွဲ့များ မှ နည်းပညာမြင့် mobile application ဖြင့် စစ်ဆေးသွားမည်ဖြစ်ရာ စတေကာ မပါရှိသည့် ယာဉ်များကို YBS ယာဉ်အဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း သိရသည်။

YBS ကားများအရေးယူရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှလည်း အရေးယူမှူများရှိနေပြီး ကုမ္ပဏီ ယာဉ်လိုင်းမှ ထုတ်ပယ်တဲ့အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

R-01

Author