YUPT ကုမ္ပဏီမှ ရှယ်ယာရှင်များ၏ဆန္ဒအပေါ်တွင် ညီညွတ်မျှတပြီး အဆင်အပြေဆုံးဖြစ်စေရန်ဆောင်ရွက်သွားမည်

0

Full article

YRTA အနေဖြင့် YUPT ကုမ္ပဏီမှ ရှယ်ယာရှင်များ၏ဆန္ဒအပေါ်တွင် ညီညွတ်မျှတပြီး  အဆင်အပြေဆုံးဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် YUPT ကုမ္ပဏီသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်သည့်အတွက် ဝန်ဆောင်မှုအနေအထားကို လက်ရှိအနေအထားအောက် နိမ့်ပါးမသွားစေရန် YRTA မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူးဦးလှအောင်မှ ပြောကြားခဲ့သည်။

ထို့အပြင်  YUPT ၏ ဒုတိယအကြိမ်မြောက် ဒါရိုက်တာရွေးချယ်ပွဲတွင် ဖြစ်ပွားခဲ့သောကိစ္စနှင့်ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှုးဦးလှအောင်မှ


“ အဲဒီ ဖြစ်စဉ်ဖြစ်ပြီးနောက်ရက်မှာ YRTA ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဝန်ကြီးဒေါ်နီလာကျော်ကိုယ်တိုင် YRTA အဖွဲ့ဝင်များနဲ့အတူ  ယာဉ်ပိုင်ရှင်ကိုယ်စားလှယ် (၇) ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ၅ ဦးက သူတို့ရွေးချယ်ထားတဲ့ Board Of Director မှာပါတဲ့သူတွေဖြစ်ပြီး ကျန်တဲ့ (၂) ဦးကတော့ သီးခြားပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ သူတို့အားလုံးရဲ့တင်ပြချက်အရ ကျွန်တော်တို့ သီးခြားလက်ခံတွေ့ဆုံခဲ့ပါတယ်။ YUPT တင်ပြချက်အားလုံးကိုကျွန်တော်တို့နားထောင်ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ သူတိုရဲ့ တင်ပြချက်တွေထဲပါဝင်နေတဲ့ရှယ်ယာရှင်တွေရဲ့ ဆန္ဒ ဟုတ်/မဟုတ် ပြန်မေးထားပါတယ်။ သူတို့ဆီက ပြန်လည်တင်ပြချင်ရင် နံပါတ်တစ်အနေနဲ့ ရှယ်ယာရှင်တွေရဲ့ ဆန္ဒအပေါ်မှာ ညီညွတ်မျှတပြီး အဆင်အပြေဆုံးဖြစ်အောင် စီမံဆောက်ရွက်ပေးဖို့ YRTA မှ လျာထား ပါတယ်။ နံပါတ် နှစ်အနေနဲ့  YUPT ကုမ္ပဏီသည် ဒီနေ့ YBS အထဲမှာ ယာဉ်အင်အားအများဆုံးပါဝင်နေတဲ့ကုမ္ပဏီဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ရှယ်ယာပါဝင်သည့် ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ယာဉ်လိုင်းကုမ္ပဏီဆိုတာထက် ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အတွက် ဒီဝန်ဆောင်မှုအနေအထားကို လက်ရှိအခြေအနေအောက် နိမ့်ပါးမသွားအောင်ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့အတွက်ကိုလည်း YRTA မှ လျာထား ထားပါတယ်။”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏မီဒီယာတွေ့ဆုံပွဲ (၁၂/၂၀၁၉) တွင်ပြောကြားခဲ့သည်။


၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော YUPT ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေးတွင် ရှယ်ယာရှင်များမှ အရှုံးပေါ်နေပြီး အမြတ်ငွေမရရှိခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတိုက်ရိုက်ခန့်ထားသော ဒါရိုက်တာအဖွဲ့ဝင်များရှိနေခြင်းကြောင့် မကျေမနပ်ဖြစ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် YUPT ကုမ္ပဏီတွင် ကားစီးရေ ၅၀၀ ထည့်သွင်းပြေးဆွဲထားကြောင်းသိရသည်။

Author