City Taxi ယာဉ်များ၏ အခက်အခဲများနှင့်စပ်လျဉ်းပြီး City Taxi ယာဉ်မောင်းများနှင့် YRTA မှတာဝန်ရှိသူများ တွေ့ဆုံ

0

Full article

City Taxi ယာဉ်မောင်းများနှင့် YRTA မှတာဝန်ရှိသူများ တွေ့ဆုံကာ ရန်ကုန်မြို့တွင် နယ်လိုင်စင် Taxi များပြေးဆွဲနေမှုများ၊ Taxi ယာဉ်များအပေါ်ထားရှိသည့်ကန့်သတ်ချက်များအပါအဝင် City Taxi ယာဉ်များ၏ အခက်အခဲများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်း YRTA ထံမှသိရသည်။


၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှတာဝန်ရှိသူများနှင့် Unity Of Taxi Drivers (Yangon) (ရန်ကုန်အငှားယာဉ်မောင်းများသမဂ္ဂ) မှ တာဝန်ရှိသူများသည် YRTA တွင်တွေ့ဆုံခဲ့ကြောင်းသိရသည်။

“YRTA သည် City Taxi မှတ်ပုံတင်ထားသော Taxi ယာဉ်မောင်းနှင်သူများရဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တံခါးအမြဲတမ်းဖွင့်ထားပြီး တင်ပြချင်တဲ့အချက်တွေကို တင်ပြနိုင်ပါတယ်။  YRTA အနေနဲ့ လက်ရှိအခြေအနေကိုရှင်းပြမယ်။ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ်။ မလုပ်ပေးနိုင်တဲ့ကိစ္စကို အစိုးကိုတင်ပြပေးမယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့အခါ Taxi လုပ်ငန်းနဲ့ပတ်သက်တဲ့ အင်မတန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေရပါတယ်။ အဓိက ဆွေးနွေးတာကတော့ နယ်ကနေပြေးဆွဲနေတဲ့ Taxi ယာဉ်ကိစ္စတွေ၊ နောက်ပြီး  Taxi ယာဉ်တွေရဲ့ ကန့်သတ်ချက်တွေကိစ္စ၊ ဥပမာ Taxi ယာဉ်တွေ ဆေးရုံထဲမဝင်ရ ဆိုတဲ့ကန့်သတ်ချက် ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ YRTA အနေနဲ့ကတော့ ချက်ခြင်းဆောင်ရွက်ပေးလို့ရတဲ့ကိစ္စဆို ချက်ခြင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်၊  အစိုးရထံကို  တင်ပြရမယ့်ကိစ္စဆို ဆက်လက်တင်ပြပေးမယ် လို့ဆွေးနွေးခဲ့ပါတယ်”
ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


City Taxi ယာဉ်မောင်းများမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် YRTA အနေဖြင့် အငှားယာဉ်မောင်းများ၏အကျိုးကို ပူးပေါင်းဆောင်ရွက်ပေးရန်၊ နေပူခံ စတစ်ကာများတပ်ဆင်ခွင့်ပေးရန်၊ Taxi Stand များဖော်ဆောင်ပေးရန်၊ လုပ်ငန်းလိုင်စင်မရှိပဲ ပြေးဆွဲနေသော နံပါတ်အနက် အငှားယာဉ်များကိုထိန်းချုပ်ပေးရန် စသည့်အချက်များအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံခွင့်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။

Author