မြန်မာနှစ်ကူး ပိတ်ရက်ရှည်ကာလအလွန်တွင် YBS ယာဉ်လိုင်းများပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသော်လည်း ခရီးသည်စီးနင်းမှုမှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းနေ

0

Full article

မြန်မာနှစ်ကူး ပိတ်ရက်ရှည်ကာလအလွန်တွင် YBS ယာဉ်လိုင်းများပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသော်လည်း ခရီးသည်စီးနင်းမှုမှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် မြန်မာနှစ်ကူး ပိတ်ရက်ရှည်ကာလတွင် YRTA အနေဖြင့် ယာဉ်လိုင်းများ၏ ယာဉ်စီးရေကို လျှော့ချပြေးဆွဲခဲ့ပြီး ပိတ်ရက်ရှည်ကာလအလွန် ပုံမှန်အတိုင်းပြေးဆွဲပြန်လည်ပြေးဆွဲပေးသော်လည်း လတ်တလောဖြစ်ပွားနေသော COVID -19 ဗိုင်းရတ်စ်ကြောင့် ခရီးသွားလာမှုနည်းပါးနေပြီး လိုက်ပါစီးနင်းမှုမှာ ယခင်ကထက် ၉၀ ရာခိုင်နှုန်းခန့်အထိကျဆင်းလျက်ရှိနေကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရသိရသည်။ ယခင်ကာလများတွင် YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသော ခရီးသည်ဦးရေမှာ တစ်ရက်လျှင် ၁.၈ သန်းခဲ့ရှိခဲ့သော်လည်း COVID -19 ဗိုင်းရပ်စ် မြန်မာနိုင်ငံတွင် စတင်တွေ့ရှိသည့်အချိန်မှစတင်ကာ ခရီးသည်စီးနင်းမှု စတင်ကျဆင်းခဲ့ပြီး မြန်မာနှစ်ကူး ရုံးပိတ်ရက်ကာလအလွန်တွင် လျှော့ချပြေးဆွဲခဲ့သော YBS ယာဉ်လိုင်းများကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပုံမှန်ပြန်လည်ပြေးဆွဲသော်လည်း ခရီးသည် စီးနင်းမှုမှာယခင်ကထက် လျော့နည်းနေကာ ဧပြီလ ၂၀ ရက်နေ့တွင် ယာဉ်လိုင်း (၉၇) လိုင်း၊ ယာဉ်စီးရေ ၁,၃၀၀ ပြေးဆွဲခဲ့ပြီး ခရီးသည်စီးနင်းမှုမှာ ၁၃၇,၆၈၈ ဦး၊ ၂၁ ရက်နေ့တွင် ယာဉ်လိုင်း (၉၉) လိုင်း၊ ယာဉ်စီးရေ ၁,၄၃၀ စီးဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်စီးနင်းမှုမှာ ၁၇၇,၉၁၆ ဦး၊ ၂၂ ရက်နေ့တွင် ယာဉ်လိုင်း (၁၀၀) လိုင်း၊ ယာဉ်စီးရေ ၁,၅၀၀ စီးဖြင့်ပြေးဆွဲခဲ့ရာ လိုက်ပါစီးနင်းမှုမှာ ၁၈၁,၇၂၇ ဦး၊ ၂၃ ရက်နေ့တွင် ယာဉ်လိုင်း (၁၀၀) လိုင်း  စီးရေ ၁,၅၄၆ စီးဖြင့်ပြေးဆွဲခဲ့ရာ ခရီးသည် ၁၉၄,၂၄၈ဦးသာရှိခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရသိရသည်။


YRTA အနေဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်စီးရေကို နေ့စဉ်ခရီးသွားလာမှုရှိသော ပြည်သူများအခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေအရလည်းကောင်း စီမံပြေးဆွဲလျက်ရှိကြောင်းသိရသည်။

Author