မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများတွင် ယာဉ်စီးရေများ လျှော့ချပြေးဆွဲသွားမည်

0

Full article

မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများတွင် ယာဉ်စီးရေများ လျှော့ချပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ( YRTA ) ထံမှသိရသည်။

“သင်္ကြန်ကာလအတွင်းမှာ ဧပရယ်လ ၁၁ ရက်နေ့အထိတော့ ပုံမှန်ပြေးဆွဲသွားပါမယ်။ ၁၂ ရက်နေ့ကနေစပြီးတော့ ယာဉ်လိုင်းတချို့မှာ ယာဉ်ရဲ့ကြံ့ခိုင်မှုတွေပြန်လည်ပြုပြင်တာတွေ၊ ယာဉ်လုပ်သားများအနားယူတာတွေ၊ နှစ်ကူးကာလအတွင်း ကုသိုလ်ကောင်းမှုပြုတာတွေ၊ ရဟန်းခံတာတွေ၊ နေရပ်ပြန်တာတွေ စတာတွေအတွက် အချို့ယာဉ်လိုင်းတွေဟာ ရပ်နားသွားမှာဖြစ်ပါတယ်။ ဧပရယ်လ ၁၂ ရက်နေ့မှာ ယာဉ်လိုင်းပေါင်း ၅၆ လိုင်း၊ ယာဉ်စီးရေ ၁,၃၄၅ စီး နဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကို ယာဉ်လိုင်းပေါင်း ၅၆ လိုင်း၊ ယာဉ်စီးရေ ၁,၀၇၉ စီးနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်အင်အားနဲ့ ပြေးဆွဲမှုကိုတော့ ဧပရယ်လ ၁၇ ရက်နေ့မှာ ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပါတယ်။ မနှစ်ကတော့ ယာဉ်လိုင်းပေါင်း ၇၃ လိုင်းဆိုပေမဲ့ ယာဉ်စီးရေကတော့ ၉၇၃ စီးပဲရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယာဉ်စီးရေ ၁,၀၇၃ စီးနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


YRTA တွင် ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်း၊ ပြေးဆွဲလမ်းကြောင်းပေါင်း ၁၃၇ လမ်းကြောင်းနှင့် ယာဉ်စီးရေ နေ့စဉ် ၄,၃၀၀ ခန့်ပုံမှန်ပြေးဆွဲပေးနေကြောင်းသိရသည်။

Author