ယာဉ်အို/ဟောင်း အစားထိုးတင်သွင်းခွင့်ပုံစံ “ဃ”(စလစ်) ထုတ်ပေးသွားမည်ဖြစ်သော်လည်း တန်ဖိုးနည်းယာဉ်များဖြင့် မမှန်မကန်လုပ်ရပ်များမပြုလုပ်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦီးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် မှ တိုက်တွန်း

0

Full article

ဖောက်စွပ်၊ ဖြတ်ဆက်၊ အလုံးချိန်း ယာဉ်များအဖြစ် မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းနှင့် ကညန ရုံးများတွင် ထိန်းသိမ်းထားသည့် ယာဉ်များကို သံရည်ကျိုအပ်နှံစေကာ ယာဉ်အို/ဟောင်း အစားထိုးတင်သွင်းခွင့်ပုံစံ “ဃ”(စလစ်) ထုတ်ပေးသွားမည်ဖြစ်သော်လည်း တန်ဖိုးနည်းယာဉ်များဖြင့် မမှန်မကန်လုပ်ရပ်များမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦီးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် မှ တိုက်တွန်းပြောကြားခဲ့သည်။

“အပြင်မှာအခုကြားနေရတာရှိပါတယ်။ တန်ဖိုးနည်းတဲ့ဆလွန်း အဲလိုမျိုးလုပ်ဖို့ပေါ့။ အဲဒါမျိုးတော့မလုပ်ကြဖို့ ကျွန်တော့်အနေနဲ့ မီဒီယာများကတစ်ဆင့် ပြောကြားလိုပါတယ်။ ယာဉ်ပြုပြင်အလုပ်ရုံတွေအနေနဲ့လည်း ဒီလိုမျိုး မမှန်မကန် ဆောင်ရွက်မပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အပြင်မှာကောင်းနေတဲ့ကားကို ဒီလိုမျိုးလုပ်တာကိုအားမပေးပါဘူး။ နိုင်ငံခြားကနေ ကားတစ်စီးတင်သွင်းရင် ကျွန်တော်တို့ဆီကနေ နိုင်ငံခြားငွေအများအပြားထွက်သွားတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန်ပဲဆောင်ရွက်ကြဖို့ကို ယာဉ်ပိုင်ရှင်များရော၊ အရောင်းအဝယ်လုပ်တဲ့သူတွေရော၊ ယာဉ်ပြုပြင်အလုပ်ရုံတွေကိုရော တိုက်တွန်းချင်ပါတယ်။ ယာဉ်တိုက်မှုတွေဖြစ်ရင်လည်း မော်တော်ယာဉ်ဥပဒေအရ ကြိုတင်လျှောက်ထားပြီးမှသာ၊ ဘာတွေပြင်ဆင်မယ်ဆိုတာ တင်ပြပြီးမှသာ ဆောင်ရွက်ကြဖို့ ကိုလည်းတင်ပြချင်ပါတယ်။”

ဟု ၂၀၁၉ အောက်တိုဘာလ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၁၀/၂၀၁၉) တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်မှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။


ထို့အပြင်

“အစိတ်အပိုင်းမမှန်မကန်ပြုလုပ်ထားတဲ့ ယာဉ်တွေကို အောက်တိုဘာ ၁ ရက်နေ့က စ ပြီးလက်ခံနေပါတယ်။ အဲဒီမှာတွေ့ရတာကတော့ တရားရုံးမှာအမှုရင်ဆိုင်နေရတဲ့ယာဉ်တွေ တော်တော်များများရှိနေတာတွေ့ရပါတယ်။ ဘယ်သူ့ကို ထုတ်ပေးရမလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ တော်တော်လေး စစ်ဆေးနေရပါတယ်။ အမှုရင်ဆိုင်နေရတဲ့အတွက် တရားရုံးရဲ့အဆုံးအဖြတ်အတိုင်း ကျွန်တော်တို့အနေနဲ့လုပ်ရမှာဖြစ်ပါတယ်။ ဘယ်သူပိုင်သလဲဆိုတာကို တရားရုံးကဆုံးဖြတ်ပြီးမှ ယာဉ်အို/ဟောင်း စလစ်ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အချင်းချင်း ကြေအေးကြောင်းအထောက်အထားတွေလိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပိုင်ရှင်အမှန်ဖြစ်ဖို့အတွက် စိစစ်လျက်ရှိပါတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်းအထောက်အထားခိုင်လုံအောင်ဆောင်ရွက်ကြဖို့ တင်ပြချင်ပါတယ်။”

ဟု ကညန တိုင်းညွှန်မှူးမှ ဆက်လက်ပြောကြားခဲ့အည်။


ဖောက်စွပ်၊ ဖြတ်ဆက်၊ အလုံးချိန်းယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းခဲ့ရာတွင် ရဲစခန်းများသို့ အပ်နှံခဲ့သောယာဉ်များ၊ ရဲစခန်းမှ ထားစရာနေရာမရှိတော့သည့်အတွက် ကညန ရုံးများအတွင်းထိန်းသိမ်းထားသောယာဉ်များ၊ ကညန မှယာဉ်အထောက်အထားမှတ်ပုံတင်ကိုသိမ်းဆည်းထားလိုက်ပြီး ယာဉ်ကို ပိုင်ရှင်များမှပြန်လည်ယူသွားသောယာဉ်များနှင့် ဖမ်းဆီးရမိခြင်းမရှိသေးပဲ မောင်းနှင်နေ‌သော ယာဉ်များဟူ၍ လေးမျိုးရှိနေပြီး စတင်အပ်နှံရန်ခွင့်ပြုသည့် အောက်တိုဘာ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် သန်လျင်ရှိ အရည်ကျိုစက်ရုံသို့ ၂ စီးပေးပို့ထားကြောင်း ကညန ထံမှသိရသည်။

Author