ရန်ကုန်မြို့ကို ရေကြောင်းလမ်းဖြင့် မြို့ပတ်ပြေးဆွဲရန်အတွက် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ပူပေါင်းပါဝင်မှုလိုအပ်

0

Full article

ရန်ကုန်မြို့ကို ရေကြောင်းလမ်းဖြင့် မြို့ပတ်ပြေးဆွဲရန် စီစဉ်ထားသော်လည်း အဆိုပါအစီအစဉ် အကောင်အထည်ဖော်ရန်အတွက်မှာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။


“ရန်ကုန်မြို့ကို ရေကြောင်းလမ်းကနေပတ်ပြီးသွားနိုင်တဲ့ ခရီးစဉ်တစ်ခုကိုတည်ဆောက်ဖို့လည်း ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ရန်ကုန်လှိုင်မြစ်ကမ်းဖက်မှာပဲ ပြေးဆွဲနိုင်တဲ့အခြေအနေမှာရှိပါသေးတယ်။ ရန်ကုန်မြို့ကို ပတ်နိုင်တဲ့အခြေအနေကို မရောက်ရှိသေးပါဘူး။ ပုဇွန်တောင် ငမိုးရိပ်ချောင်းဘက်မှာ ပြေးဆွဲနိုင်ဖို့နဲ့ သန်လျင်နဲ့ ဒဂုံဆိပ်ကမ်းတို့ကို ချိတ်ဆက်ပြေးဆွဲဖို့ကို ကြိုးပမ်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ YRTA တို့ပဲ ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနအသီးသီးနဲ့ တိုင်းဒေသကြီးမှာရှိတဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲနဲ့ ဒီရေကြောင်းခရီးစဉ်ကို ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး”

ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သော YRTA (၃) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင်ပြောကြားခဲ့သည်။


Yangon Water Bus ကို တင့်တင့်မြန်မာ ကုမ္ပဏီမှ ၇.၁၁.၂၀၁၇ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ပြီး ဗိုလ်တစ်ထောင်မှ အင်းစိန်မြို့နယ် အောင်ဇေယျ တံတားအထိကို ရေယာဉ် ၉ စီးဖြင့်စတင်ပြေးဆွဲခဲ့ကာ လက်တလောတွင် ပြေးဆွဲခြင်းကို ခေတ္တရပ်နားထားတာ ပြန်လည်ပြေးဆွဲပါက ထိုင်းနိုင်ငံထုတ် ရေယာဉ် ၅ စီးဖြင့် ပုဇွန်တောင်ချောင်းအတွင်း ပြေးဆွဲရန်လျာထားကြောင်း သိရသည်။

Author