ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါတိုက်ဖျက်ရေးကာလတွင် ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုအဖွဲ့အစည်းတစ်ခု YRTA မှ ဖွဲ့စည်းထား

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးကာလတွင် ကုသရေးလုပ်ငန်းများအားဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုအဖွဲ့တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ဦးဆောင်ဖွဲ့စည်းထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ သွားလာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးတို့ကို အထောက်အကူပြုရန်အတွက် အထောက်အကူပြုအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း YRTA ထံမှသိရသည်။ အဆိုပါအထောက်အကူပြုအဖွဲ့ရုံးကို တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ YRTA ရုံးချုပ်တွင်ဖွင့်လှစ်ထားပြီး၊ ၂၀၂၀ ပြည့်နှစ် မတ်လ၊ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အထောက်အကူပြုအဖွဲ့ကို ဝန်ကြီး ဒေါ်နီလာကျော်မှ ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ဒေါက်တာ ရန်နောင်ထွန်း (ဒုတိယညွှန်ကြားရေးမှူး/ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာ အေးမွန်မွန်ကျော် (လက်ထောက်ညွှန်ကြားရေးမှူး/ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာ သက်အောင်မိုး (ဒုတိယဆေးရုံအုပ်/သာကေတ အထူးကုဆေးရုံ)၊ ဦးလှအောင် (တွဲဖက်အတွင်းရေးမှူး/YRTA) ၊ ဦးအောင်ညီညီမော် (Managing Director/YRTA) ၊ ဦးမျိုးမြင့် (အထွေထွေအတွင်းရေးမှူး/မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်)၊ ဦးမျိုးသီဟ (ဘဏ္ဍာရေးမှူး/မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်) ၊ ဦးမောင်ဝိတ် (စေပိုင်ကုမ္ပဏီ) ၊ ဦးမျိုးသွင် (ရွှေပြည်နန်းကုမ္ပဏီ) နှင့် ဦးသူရိန်အောင် (Yangon Metropolitan Co.,Ltd.) တို့ ပါဝင်ဖွဲ့စည်းထားကြောင်းသိရသည်။

အထောက်အကူပြုအဖွဲ့ကိုဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ ၀၉- ၄၅၂၉၄၃၃၃၉ ၊ ၀၉- ၄၅၂၉၄၃၃၃၀ နှင့် ၀၉- ၉၆၆၉၁၁၄၂၂ တို့ဖြစ်ကြောင်းသိရသည်။

Author