နယ် Taxi ယာဉ်များကို ထိန်းချုပ်ရန် တိုင်းဒေသကြီးမှ ပြည်နယ်အဆင့်ထိ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုအပ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှုးပြောကြား

0

Full article

နယ် taxi ယာဉ်များကို ထိန်းချုပ်ရန်အတွက် YRTA တစ်ခုတည်းနှင့်ဆောင်ရွက်၍မရဘဲ တိုင်းဒေသကြီးမှ ပြည်နယ်အဆင့်အထိ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးမှပြောကြားခဲ့သည်။


“ကညန ကနေ ဒီဇင်ဘာ ပထမ အပတ်မှာ သူတို့ဆီမှာရှိတဲ့ Taxi ယာဉ်တွေရဲ့စာရင်းပေးမယ်၊သူတို့ပေးတဲ့စာရင်းနဲ့ YRTA မှာရှိတဲ့ City Taxi ယာဉ်စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားပြီး စာရင်အမှန်ကောက်ယူမယ်၊ ပြီးရင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယာဉ်ပေါင်းဘယ်လောက်ရှိတယ်၊ စည်းကမ်းလိုက်နာမှု ဘယ်လိုရှိတယ်ဆိုတာကို တင်ပြသွားပါမယ်၊ပြီးရင်အများစုသော အခြားတိုင်းဒေသကြီး မှတ်ပုံတင် Taxi ယာဉ်တွေအပေါ်မှာ သက်ဆိုင်ရာအစိုးရ ဌာနမှထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ ဘယ်လိုထိန်းသိမ်းမလဲဆိုတာတင်ပြရပါမယ်။ ဘာလို့လဲဆိုတော့ ဥပဒေပါပြဌာန်းချက်များအရ သက်ဆိုင်ရာ ဌာနတွေကလည်း မောင်းနှင်ခွင့်ပေးထားတာ။ ဒါကိုဆောင်ရွက်မယ်ဆို YRTA တစ်ခုတည်းနဲ့ဆောင်ရွက်လို့ မညီညွတ်ပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်ထောင်စု အဆင့်တွေပါ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


လက်ရှိအချိန် အထိ YRTA ၏စာရင်းတွင် City Taxi မှတ်ပုံတင်ထားသည့် အငှားယာဉ် အစီး ၆၇,၇၆၈ စီးရှိနေသော်လည်း ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်းတို့ကြောင့် စာရင်းမှန်ကန်စေရန် ကညန ၏ စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။

Author