YBS ယာဉ်များအပေါ်နေ့စဉ်ကောက်ခံခဲ့သည့် စီမံခန့်ခွဲမှုရံပုံငွေကောက်ခံခြင်းအား ယာယီရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်

0

Full article

YBS ယာဉ်များအပေါ်နေ့စဉ်ကောက်ခံခဲ့သည့် စီမံခန့်ခွဲမှုရံပုံငွေကောက်ခံခြင်းအား ယာယီရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့်ခရီးသည်အရေအတွက်ကျဆင်းနေပြီး ယာဉ်လိုင်းကုမ္ပဏီများ အရှုံးပေါ်နေခြင်းကို ကူညီထောက်ပံ့သောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ YBS ယာဉ်လိုင်းကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများအား ယာဉ်တစ်စီးချင်းအပေါ်နေ့စဉ်ကောက်ခံသည့် စီမံခန့်ခွဲမှုရန်ပုံငွေ ကျပ် ၄,၀၀၀ ကောက်ခံခြင်းကို ပြီးခဲ့သည့် မတ်လ (၁၇) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ယာယီကင်းလွတ်ခွင့်ပြုခဲ့သည်။ ယခုအခါ ယာဉ်လိုင်းကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများအား ကူညီထောက်ပံ့သည့်အနေဖြင့် စီမံခန့်ခွဲမှုရန်ပုံငွေ ယာယီကင်းလွတ်ခွင့်ကို ဇွန်လ (၃၀) ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။ YBS ယာဉ်လိုင်းများအနေဖြင့် ယခင်က နေ့စဉ် ခရီးသည်ဦးရေ ၁.၈ သန်းခန့်ကို ပို့ဆောင်ပေးခဲ့ရပြီး ယခုအခါ ပြေးဆွဲလမ်းကြောင်းပေါင်း ၁၂၀ ဝန်းကျင်ယာဉ်စီးရေ ၃,၀၀၀ ဝန်းကျင်ဖြင့် ပျဉ်းမျှခရီးသည် ၅ သိန်းဝန်းကျင်ကို ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။


စီမံခန့်ခွဲမှုရံပုံငွေအားယာယီကင်းလွတ်ခွင့်ပြုသော်လည်း နေ့စဉ်ဆောင်ရွက်ရမည့် Way Bill များထုတ်ပေးခြင်း၊ Time Sheet များဖြင့်ပြေးဆွဲခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ လိုက်နာရမည့်အချက်များအား ယခင်အတိုင်းပုံမှန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း YRTA မှအသိပေးထုတ်ပြန်ထားပါသည်။

Author