COVID-19 အရေးပေါ်ကာလအတွင်း ကုန်သေတ္တာတင် မော်တော်ယာဉ်များကို နေ့အချိန် နံနက် ၇ နာရီမှ ည ၈ နာရီအတွင်းဖြတ်သန်းသွားလာခွင့်ကို ယာယီခွင့်ပြု

0

Full article

COVID -19 အရေးပေါ်ကာလအတွင်း ကုန်သေတ္တာတင် မော်တော်ယာဉ်များကို နေ့အချိန် နံနက် ၇ နာရီမှ ည ၈ နာရီအတွင်းဖြတ်သန်းသွားလာခွင့်ကို ယာယီခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

COVID-19 အရေးပေါ်ကာလတွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားစဉ်ကာလအတွင်း မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သွင်းကုန်/ပို့ကုန်ဆိပ်ကမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်းကာ ကုန်တင်သေတ္တာတင်မော်တော်ယာဉ်များကို နေ့အချိန်တွင် သွားလာခွင့်ပြုရန် YRTA မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ကြောင်းသိရသည်။ ထို့ကြောင့် COVID-19 အရေးပေါ်ကာလအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားစဉ်ကာလအတွင်း ကုန်သေတ္တာတင်မော်တော်ယာဉ်များကို နံနက် ၇ နာရီမှ ည ၈ နာရီအတွင်း ယာယီသွားလာခွင့်ပြုရန်၊ သတ်မှတ်ချိန်ထက် စော၍ထွက်ခွာခြင်း၊ နောက်ကျ၍ သွားလာခြင်းများမဖြစ်ပေါ်စေရန် အချိန်ကို စနစ်တကျကြိုတင်တွက်ချက်ကာ သွားလာကြရန်၊ ယာဉ်ကြောပိတ်ဆို့မှု၊ သွားလာမှုကန့်သတ်ချက်များနှင့်ယာဉ်အန္တရာယ်မဖြစ်ပွားစေရန်အတွက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စနစ်တကျ စောင့်ကြည့်ကြပ်မတ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ YRTA တိုနှင်ပူးပေါင်းဆောင်ရွက်ရန် စသည့်စည်းကမ်းချက်များနှင့် သွားလာခွင့်ပြုလိုက်ကြောင်းသိရသည်။


ကုန်သေတ္တာတင်မော်တော်ယာဉ်များ နေ့အချိန်သွားလာခွင့်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့မှ စတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Author