သင်္ကြန်ကာလအတွင်း YBS ယာဉ်စီးခ ပိုမိုတောင်းခံပါက တိုင်ကြားနိုင်ကြောင်း

0

Full article

သင်္ကြန်ကာလအတွင်း YBS လိုင်းအချို့ရပ်နားမည်ဖြစ်ပြီး၊ ပြေးဆွဲမည့် ယာဉ်လိုင်းများလည်းရှိနေကာ ယာဉ်စီးခကို ပြောင်းလဲကောက်ခံမည်မဟုတ်ဘဲ၊ ယာဉ်စီးခ ပိုမိုတောင်းခံပါက တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“မြို့တွင်းပြေးဆွဲမည့် ယာဉ်လိုင်းတွေကတော့ သတ်မှတ်ယာဉ်စီးခနဲ့ ပြေးဆွဲသွားမှာပါ။ ဒါကလည်း ကျွန်တော်တို့ နှစ်စဉ်နှစ်တိုင်းဆွဲပေးနေကြပါ။ ယာဉ်စီးခကတော့ ပြောင်းလဲမှုမရှိပါဘူး။ ဒါကြောင့် ယာဉ်လိုင်းတွေကလည်း ချင့်ချိန်ပြီးတော့ ပြေးနိုင်တဲ့ ယာဉ်တွေကိုပဲ ထုတ်နှုတ်ပြီး ပြေးဆွဲစေမှာပါ။ အချို့ကလည်း နားမယ်၊ အချို့ကလည်း ပြေးဆွဲပါမယ်။ မြို့တွင်းပြေးဆွဲတဲ့ ယာဉ်စီးခကတော့ ပြောင်းလဲမှုမရှိနိုင်ပါဘူး။ တကယ်လို့ ယာဉ်စီးခ ပိုတောင်းရင် တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ အရေးယူပါ့မယ်။ အခုအချိန်လည်း ပိုတောင်းရင်တိုင်ပါ။ အရေးယူမှာပါ။ ကျွန်တော်တို့က ပုံမှန်ပြေးဆွဲတဲ့အနေအထားနဲ့ပဲ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ကွန်ပလိန်း စင်တာအတွက် ဖုန်းနံပါတ်တွေကိုလည်း ကြေညာပေးထားပါတယ်။ အဲဒီကို တိုင်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒါကိုစောင့်ကြည့်သွားမှာဖြစ်သလို ပြည်သူလူထုဘက်က တိုင်ကြားလာရင်လည်း အရေးယူသွားမှာပါ။”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


YBS ယာဉ်လိုင်းများနှင့်ပတ်သက်ပြီး ယာဉ်စီးခပိုမိုတောင်းခံခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းများရှိပါက ဖုန်းနံပါတ် ၀၉ - ၄၄၈ ၁၄၇ ၁၄၉ ၊ ၀၉ - ၄၄၈ ၁၄၇ ၁၅၃ ၊ ၀၉ ၄၄၈ ၁၄၇ ၁၅၄ စသည့် ဖုန်းနံပါတ်များသို့ တိုင်ကြားရန် YRTA မှ အသိပေး ထုတ်ပြန်ကြေညာထားသည်။

Author