ဘတ်စ်ကား မှတ်တိုင်များတွင် ရပ်နားထားသော တက္ကစီများကို YRTA မှ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်မည်

0

Full article

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ရပ်နားထားသော တက္ကစီများကို YRTA က မိမိအစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က သိရပါသည်။

ထိုကဲ့သို့ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်အတင်အချပြုလုပ်ခြင်းများ၊ ကြာရှည်စွာရပ်နားထားသော အဌားယာဉ် တက္ကစီများကို YRTA အနေဖြင့် ဖယ်ရှားရှင်းလင်း၍ ကရိန်းဖြင့် ဆွဲယူခြင်းများ၊ လုပ်ငန်းလိုင်စင် စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

"ဘတ်စ်ကားမှတ်တိုင်တွေမှာ ခရီးသည်အတင်အချလုပ်တာတွေ အချိန်ကြာရပ်ထားတာတွေကို YRTA အနေနဲ့ ဖယ်ရှားတာတွေလုပ်သွားမယ်။အချိန်ကြာပြီးရပ်နားတဲ့ တက္ကစီတွေ ကရိန်းနဲ့ ဆွဲတာတို့ လုပ်ငန်းလိုင်စင် စစ်ဆေးတာတွေလုပ်သွားမယ်"ဟုအများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဘတ်စ်ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း ကရင်တိုင်ရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက မေ ၈ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောကြားထားခဲ့ရာတွင် "YBS စနစ်အကောင်အထည်ဖော်ခြင်း ဒုတိယနှစ်တွင် ဘတ်(စ်)ကားမှတ်တိုင်များ၊ ယာဉ်ရပ်နားရန်နေရာများကို YRTA အစီအစဉ်ဖြင့် တည်ဆောက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မှတ်တိုင်တွင်မရပ်သော ဘတ်(စ်)ကားများ၊ဘတ်(စ်)ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း" ဟု ကရင်တိုင်းရင်သားလူမျိုးရေးရာဝန်ကြီးကပြောကြားထားရှိခဲ့သည်။

Public Transportation
Unicode Version




Public Transportation

Author