သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်မှုများ တိုင်ကြားနိုင်ရန် YRTA Hot Line ဖွင့်လှစ်ထားမယ်

0

Full article

သင်္ကြန်ကာလအတွင်းYBS ယာဉ်လိုင်းများ ယာဉ်စည်းကမ်း ဖောက်ဖျက်မှူများနှင့် ယာဉ်စီးခ ပိုမိုကောက်ခံပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)Hot Line သို့တိုင်ကြား နိုင်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကပြောကြားသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ခရီးသည်တင် YBS ကားအစီး ၈ဝဝ ကျော် ပြေးဆွဲပေးမည်ဖြစ်ရာ ယခုကောက်ခံနေသော ယဉ်စီးခနှုန်းထားအတိုင်း ကောက်ခံရမှာ ဖြစ်ကြောင်း ယာဉ်လိုင်းကုမ္ပဏီများကို သတိပေးပြောကြားထားခဲ့သည်။

"သင်္ကြန်တွင်းမှာ Hot Line တွေက အလုပ်လုပ်မှာပါဖြစ်ပါတယ်။အမြဲတမ်းဖွင့်ထားမှာပါ။ သင်္ကြန်တွင်းမှာ YBS နဲ့ပတ်သက်လို့ အဆင်မပြေတာရှိရင် တိုင်ကြားနိုင်ဖို့စီစဉ်ထားပါတယ်။ " ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောကြားသည်။

သင်္ကြန်ကာလအတွင်း (YRTA) Hot Line အားအမြဲတမ်း ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ရာ YBS ယာဉ်လိုင်း နှင့်ခရီးသည်အကြား ပြသာနာတစ်စုံတစ်ရာဖြစ်ပေါ်၍ ကျေနပ်မှုမရှိပါက တိုင်းကြားနိုင်ရန်စီစဉ်ပေးထားမှာဖြစ်ရာ ယာဉ်လိုင်းများကို စည်းကမ်းတကျ ပြေးဆွဲပေးကြရန် အသိပေးထာိးကြောင်းသိရသည်။

ဆက်သွယ်လို့ရသော ဖုန်းနံပါတ်များမှာ ဝ၉၄၄၈၁၄၇၁၅၃၊ ဝ၉၄၄၈၁၄၇၁၅၄၊ ဝ၉၄၄၈၁၄၇၁၄၉၊ ဝ၉၄၄၉၂၁၆၅၇၂၊ ဝ၉၄၄၉၂၁၆၅၇၂၊ ဝ၉၄၄၉၂၁၆၅၇၂၊ ၁၈၈၁ နှင့် ဝ၁၂၃၉၉၈၈၁ တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင် YBS ယာဉ်လိုင်း ၉ဝ ကျော်၊ ကားအစီးရေ ၅,၄ဝဝ ခန့် နေ့စဉ် ပြေးဆွဲ ပေးနေလျှက်ရှိပြီး သင်္ကြန်အတွင်း အဝေးပြေးကားများတွင်လည်း YBS ကားများနှင့် အစားထိုးပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သင်္ကြန်ရက်များတွင် ရန်ကုန်မြို့စည်ပင်နိယ်နမိတ်အတွင်း ဌာနဆိုင်ရာ ဆိုင်ကယ်များကိုလည်း စီးနင်းခွင့် ပေးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

Law Enforcement

Author