YRTA အနေဖြင့် ခရီးသွားပြည်သူများကို ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိ

0

Full article

ကိုရိုနာ ဗိုင်းရပ်စ် ကိစ္စဖြင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်နေပြီး ယာဉ်လိုင်းများနှင့် ခရီးသွားပြည်သူများကို ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း YRTA ထံမှသိရသည်။

“ကျွန်တော်တို့အနေနဲ့ ကိုရိုနာ လို့နာမည်မတပ်ခင် ဝူဟန် ဗိုင်းရပ်စ် လို့ ခေါ်ဆိုစဉ်ကတည်းက ကျန်းမာရေးဦးစီးဌာနနဲ့ပူးပေါင်းပြီး YBS ယာဉ်လိုင်းထဲက ယာဉ်တွေနဲ့ ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှုပေးတာတွေ အသိပညာပေးဆောင်ရွက်မှုတွေ တစ်စိုက်မက်မက် လုပ်ခဲ့ပါတယ်။ ကားတွေပေါ်မှာ ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်တဲ့ အသိပေးစာစောင်တွေကိုဖြန့်ဝေတယ်။ ကားတွေမှာလည်းကပ်ပါတယ်။ ဒ့အပြင် ယာဉ်လိုင်းတာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်ပြီး မှတ်တိုင်တွေ၊ ဂိတ်ရင်း ဂိတ်ဖျားတွေ မှာလည်း ဖြန့်ဝေပါတယ်။ အခုအချိန်မှာတော့ ယာဉ်လိုင်းတွေမှာ သန့်ရှင်းရေးတွေတိုးမြှင့်ခိုင်းတယ်။ အဝေးပြေးလိုင်းတွေမှာ Hand Gal တွေ၊ Mask တွေ၊ Tissue တွေ ထားဖို့ကို ဆောင်ရွက်ခဲ့သလို ဆက်ပြီးလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယာဉ်လိုင်းတွေကလည်း သန့်ရှင်းရေးတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ အချို့ယာဉ်လိုင်းတွေမှာဆို ဂိတ်ရင်းဂိတ်ဖျားတွေမှာ Hand Gel တွေထားပေးတယ်။ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ကနေ ကျန်းမာရေးဦးစီးဌာနကနေ ထုတ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင် ငါးသောင်းကျော်ကို ခရီးသွားပြည်သူတွေကို ဖြန့်ဝေပေးနေပါတယ်။ ဒါက ကြိုတင်ကာကွယ်ရေးအပိုင်းမှာဆောင်ရွက်ထားတာပါ။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်းပေါင်း ၁၀၁ လိုင်း၊ ယာဉ်စီးရေ ၄၀,၀၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသည့် ၁.၉ သန့်ခန့်ကို ပို့ဆောင်ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှသိရသည်။

Author