ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည့် ကာလအတွင်း လမ်းမကြီးနှင့် လမ်းသွယ်အချို့တွင် ဖြတ်သန်းခွင့် ခေတ္တပိတ်မည်

0

Full article

Yoma Strategic Holdings၊ First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ဦးစီး ကျင်းပသည့် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တွင် ၂ဝ၁၈၊ ဇန်နဝါရီလ ၂၁ တွင် နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ရာ လမ်းမကြီးနှင့် လမ်းသွယ်အချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်မည်သွားမည်ဟု သိရသည်။

ပြိုင်ပွဲကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကျင်းပနိုင်ရေး အတွက် အောက်ပါလမ်းအချို့ကို လမ်းအပြည့် (သို့မဟုတ်) လမ်းတစ်ဝက် ပိတ်ထားမည်ဖြစ်ကြောင်း ယာဉ်မောင်းသူများအား အသိပေးအကြောင်းကြားအပ်ပါသည်။

ပြိုင်ပွဲကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကျင်းပနိုင်ရေး အတွက် ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မှ သံသုမာလမ်းဆုံ အထိ၊ ရာဇဓိရာဇ်လမ်း မှ ကမ်းနားလမ်းဟောင်း အထိ၊ ကမ်းနားလမ်းဟောင်းမှ ကြည့်မြင့်တိုင် ကမ်းနားလမ်း အထိ၊ ရွှေတိဂုံဘုရားလမ်း မှ ဦးထောင်ဘိုလမ်း အထိ၊ ဗညားဒလလမ်း မှ ကျိုက္ကဆံ လမ်း အထိ၊ စက်ရုံလမ်း မှ ဗညားဒလ လမ်း အထိ ၊ဗဟိုလမ်း မှ ဆေးဝါးလမ်း အထိ၊ အောင်သိဒ္ဓိလမ်း မှ မင်းဓမ္မလမ်း အထိနှင့် သစ္စာလမ်း (ကန်ဘဲ့) မှ မိုးကောင်း လမ်း အထိ လမ်းအပြည့် (သို့မဟုတ်) လမ်းတစ်ဝက်ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။

ကားလမ်းမများတွင် ဘလောက်တုံးများ ချထားကာ လမ်းပိတ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များ ကလည်း ယာဉ်လမ်းကြောင်းများကို စနစ်တကျ စီမံခန့်ခွဲပေးသွားမည် ဖြစ်ကြောင်းသိရသည်။

Author