မြန်မာနိုင်ငံတွင်းဈေးကွက်ချဲ့ထွင်လျက်ရှိသည့် ကိုယ်တိုင်မောင်းကားအငှားလုပ်ငန်း Yoma Car Share

0

Full article

ရန်ကုန်၊  ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် - မြန်မာနိုင်ငံ၏  ကိုယ်တိုင်မောင်းကားအငှားဝန်ဆောင်မှုလုပ်ငန်းကို ဦးဆောင်နေသည့် Yoma Car Share မှ ရန်ကုန်မြို့တွင် လွယ်ကူစွာရှာဖွေနိုင်သည့် rental hub အသစ်များကို ထပ်မံဖွင့်လှစ်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများနှင့် အားလပ်ရက်ခရီးသွားလာသူများအနေဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် Terminal 2 ရှေ့တွင်တည်ရှိသော Yoma Car Share rental hub မှ ကားများကို ငှားရမ်းအသုံးပြုနိုင်သလို ရန်ကုန်မြို့တွင်း မော်ဒယ်မြင့်ကားများဖြင့် အချိန်သက်သာပြီး မြန်ဆန်စွာသွားလိုသူများမှာ သာကေတ မြို့နယ် Capital Hypermarket အရှေ့တွင်ရှိသည့် Yoma Car Share Rental Hub မှ ကားများကိုလည်း အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်း စိတ်တိုင်းကျငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။ Yoma Car Share မှ ရန်ကုန်မြို့၏အချက်အချာကျသည့် နေရာများတွင် rental hubs များ ရွေးချယ်ဖွင့်လှစ်ခြင်းအားဖြင့် ရန်ကုန်ဈေးကွက်ကို ပိုမိုခိုင်မာလာစေသည်ကိုလည်း တွေ့နေရသည်။

“မြန်မာနိုင်ငံမှာ Yoma Car Share ဟာ ထူးခြားဆန်းသစ်ထားတဲ့ ကိုယ်တိုင်မောင်းကားအငှားဝန်ဆောင်မှုလုပ်ငန်း တစ်ခုအနေနဲ့ အာမခံချက်ရှိပြီးတော့ သက်သာတဲ့ နှုန်းထားတွေနဲ့ အဆင်ပြေစေမယ့် အငှားဝန်ဆောင်မှုမျိုးစုံကို ကျွန်မတို့ရဲ့ သုံးစွဲသူတွေ ဈေးကွက်ထဲမှာ အလွယ်တကူရရှိနိုင်ဖို့အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံတွင်း rental hubs ၂၄ ခုနဲ့အတူ သုံးစွဲသူတစ်ဦိးချင်းစီရဲ့ လိုအပ်ချက်တွေကို နေရာမရွေး အချိန်မရွေး စိတ်ကျေနပ်မှုရရှိတဲ့အထိ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့အဆင်သင့်ရှိနေပါတယ်။ ဒီနှစ်ထဲမှာလည်း ကျွန်မ တို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ငွေပေးချေမှုနည်းလမ်းအသစ်တွေနဲ့ မိတ်ဆက်ပေးဖို့ရှိသလို ခေတ်မီ rental hub တွေကိုလည်း နောက်ထပ်နေရာသစ်တွေမှာ ထပ်ပြီးတော့ ဖွင့်လှစ်သွားမှာပါ” ဟု Head of Sales & Marketing ဖြစ်သူ ဒေါ်မေဦးမောင်မှ ပြောကြားခဲ့သည်။

သုံးစွဲသူများအတွက် Yoma Car Share မှ sedans ၊ SUVs ၊ minivans နှင့် hatchbacks ကားများအပါအဝင် အမျိုးအစားစုံလင်စွာ ငှားရမ်းအသုံးပြုနိုင်သည်ကိုတွေ့ရပြီး RFID နည်းပညာ၏ အကျိုးကျေးဇူးကြောင့် Yoma Car Share အသုံးပြုသူများသည် membership tap card ဖြင့် နီးစပ်ရာ rental hubs များတွင် အချိန်မရွေး (၂၄ နာရီ ၇ ရက်) ကားများကို သွားရောက်ယူဆောင်နိုင်မည်ဟုလည်းသိရသည်။ ထို့ပြင်  www.yomacarshare.com  တွင် registration ပြုလုပ်နိုင် သလို မိုဘိုင်းလ်အပ်ပလီကေးရှင်းအသစ်ကို App Store နှင့် Play Store တို့မှတဆင့် download ရယူသုံးစွဲ  နိုင်မည်ဖြစ်သည်။

Author