နယ်အပ်ကားများကို ဖေဖေါ်ဝါရီလမှစ၍ ရန်ကုန်လိပ်စာဖြင့် တင်သွင်းခွင့်ပိတ်မည်

0

Full article

နယ်ကားဟောင်း အပ်ကားများ ဖေဖေါ်ဝါရီလမှစ၍ ရန်ကုန်လိပ်စာဖြင့် တင်သွင်းခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ကသိရသည်။

"နယ်ကအပ်မယ့်ကားတွေ ရန်ကုန်လိပ်စာ မပေးဖို့တင်ပြတဲ့အတွက် ဖေဖေါ်ဝါရီလက စတင်ပြီး လုပ်ဆောင်ဖို့ ရှိပါ တယ်။ တိုင်းဒေကြီးအစိုးရအဖွဲ့က တင်ပြထားတာဖြစ်ပါတယ်။ လွတ်တော်မှာ မေးခွန်းဖြေသွားခဲ့တဲ့အတိုင်းပါပဲ။"လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြည်နယ်နှင့်တိုင်းများက ယာဉ်အိုယာဉ်ဟောင်းကို အပ်နှံရာတွင် ရန်ကုန်တိုင်းလိပ်စာအဖြစ် ထုတ်ယူနေကြောင်းကို စလစ်ထုတ်ယူနေသည့် အချို့သော ကိစ္စများရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းကို ရရှိပြီး သော အချိန်ကစပြီး ရန်ကုန်တိုင်းအစိုးရအနေဖြင့် စီစစ်ဆောင်ရွက်နေကြောင်း လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့သည်။

"ပြည်တွင်းထုတ်ယာဉ်များနဲ့ ပတ်သက်၍ သီးခြားကန့်သတ်ညှိနှိုင်းရန်လည်း ကျွန်မတို့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဌာနနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။ သီးခြားကန့်သတ် ညှိနှိုင်းဖို့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့်မိုလို့ ယခုလက်ရှိမှာ တော့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်များအတွက် ရန်ကုန်တိုင်းမှ အပ်နှံတဲ့ယာဉ် တွေကိုသာ ရန်ကုန်တိုင်း ပါမစ်ထုတ်ပေးရန်အတွက် ကျွန်မတို့အနေနဲ့ စတင်ပြီးစီစဉ်ဆောင်ရွက်လျက်နေပါတယ် "ဟု လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်အစည်းအဝေးတွင် ပြန် လည်ပြောဆိုခဲ့သည်။

R-01

Author