ရန်ကုန်-မန္တလေး အမြန်လမ်း သာဂရလမ်းပိုင်း ရေကြီးမှုကြောင့် ခေတ္တပိတ်ထား

0

Full article

ရန်ကုန်-မန္တလေး အမြန်လမ်း ဆွာချောင်းတမံမှ ရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း၊ သာဂရလမ်းပိုင်း( မိုင်တိုင် ၁၆၂ မှ ၁၈၅ အထိ) ရေကြီးရေလ ျှံမှုများဖြစ်ပေါ်နေသဖြင့် အမြန်လမ်းသွားလာမှု ယာယီပိတ်ထားကြောင်းအမြန်လမ်းရဲတပ်ဖွဲ့၊ သာဂရ ရဲတပ်ဖွဲ့စခန်းမှ အတည်ပြုပြောကြားသည်။ အဆိုပါ ဆွာချောင်းတမံ ရေပိုလွှဲဆည်အတွင်းဘက်နံရံ ပြိုကျမှုကြောင့် ဆွာချောင်းတစ်လျှောက်ရေများ ဆင်းလာလျက်ရှိပြီး ကျွန်းတောစု၊ ဥယျာဉ်မှူးနှင့် ချောင်းတစ်လျှောက်ကျေးရွာများ ရေဝင်နစ်မြုပ်လာခြင်းကြောင့် ကျေးရွာများရှိ ဒေသခံများ ရေလွှတ်ရာသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် လိုအပ်နေကြောင်း ဆည်းမြောင်းမှလည်း အသိပေးထားကြောင်း သိရသည်။
"အမြန်လမ်း ၁၆၆ မိုင်မှာလည်း ရေကျော်တယ်။ နောက်ပြီး ဆွာချောင်း တံတားကလည်း တံတားတိုင်တွေက ရေစီးသန်လွန်းတာကြောင့် စိတ်မချရလို့ စစ်ဆေးပြီးမှပဲ ဖြတ်ခွင့်ပြုမှာ။ အခုလက်ရှိ အမြန်လမ်းသွားလာတာကို ခေတ္တပိတ်ထားပါတယ်" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းနေသည့် မော်တော်ယာဉ်များသည် အမြန်လမ်း ဆွာချောင်းတမံမှ ရေလျှံမှုကြောင့် လမ်းဟောင်းနှင့်လမ်းသစ်ပါ ရေကြီးနေသဖြင့် ဖြတ်သန်းသွားလာမှု မရတော့ ကြောင်းသိရှိရသည်။

Author