Full article

စက်မှုဇုံထုတ်ကားများ အပ်နှံခွင့်ပေးခဲ့သည့်အချိန်မှစတင်ပြီး Free Permit ကားများထက် CIF နည်းသည့် စလစ်ကပ်ကားများ ပိုမိုအရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်မြို့ရှိကားအရောင်းအဝယ်စင်တာများမှ တစ် ဆင့် သိရသည်။

၄၅ သိ်န်းဝင်းကျင်သာရှိသော စက်မှုဇုံထုတ်ဂျစ်ကားများသည် CIF တန်ဖိုးနည်းသည့် ကားများကို ကပ်ရန်အတွက် အဆင်ပြေသောကြောင့် ဇုန်ဂျစ်များမှာ အရောင်းအဝယ်ကောင်းနေသလို CIF တန်ဖိုးငါး ထောင်အောက်တွင်ရှိသော မိုဒယ်နိမ့် ရွှေငါး ၊ RAV4 ကားလေးများလည်း အရောင်းအဝယ် သွက်နေသည်။

ကားအရောင်းစင်တာများတွင် စလစ်ကပ်ကားများ အရောင်းအဝယ်ဖြစ်နေသော်လည်း ပြင်ပကား ဈေးကွက်ရှိ ကားဝယ်/ရောင်းအများစုမှာ ယဉ်ရောင်းဝယ်ရေးစခန်း အပြောင်းအရွှေ့ကြောင့် အရောင်းအ ဝယ်အပေါ် အာရုံအပြည့်အဝမစိုက်နိုင်သေးကြောင်း ကားဝယ်/ရောင်းတစ်ဦးကဆိုသည်။

ကားဟောင်းစလစ်ဈေးကွက်အတွင်း ဇုန်ဂျစ်များသာ အရောင်းအဝယ်ဖြစ်နေပြီး '၁က' အက္ခရာကား များမှာ အရောင်းအဝယ်မရှိဖြစ်နေသည်။ '၁က' အက္ခရာကားများမှာ သိန်းကိုးဆယ်အောက်ရောက်ရှိသွားခဲ့ သော်လည်း CIF တန်ဖိုးနည်းသည့် ကားများသာ အရောင်းအဝယ်ပိုဖြစ်သောကြောင့် ဇုန်ဂျစ်စလစ်များ သည်သာ အဝယ်များနေသည်။

ဖရီးပါမစ်ဖြင့်သွင်းသည့် Honda Fit ၊ Toyota Belta နှင့် ခွေးဘီလူးကားများသာ အရောင်းအဝယ်ဖြစ်လျက်ရှိ သော မန္တလေးကားဈေးကွက်

ယခုတစ်ပတ် မန္တလေးကားဈေးကွက်အတွင်းစက်မှုဇုံထုတ်ကားအပ်နှံပြီးပါက အလဲအထပ်ပြု လုပ်နိုင်သည့် ဖရီးပါမစ်ဖြင့် တင်သွင်းလာသော အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ အောက်ကားလေးများသာအရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးကားဈေးကွက်အတွင်းမှ သိရသည်။

အစိုးရ၏ ထုတ်ပြန်ချက်ကြောင့် တစ်ပတ်အတွင်း ကျပ်သိန်းငါးဆယ်အထိ မြင့်တက်ခဲ့သော ဇုန် ထုတ်ဂျစ်များမှာ ယခုဇူလိုင်လ တတိယပတ်အရောက်တွင် ဈေးကွက်အတွင်း ကျပ် ၄၅ သိန်းဝင်းကျင်ဖြင့် သာ အရောင်းအဝယ်ဖြစ်လျက်ရှိကာ အပ်ကားလိုအပ်ချက်နှင့် ကားရှားပါးမှုများရှိမှသာ ဈေးပြန်မြင့်တက် လာနိုင်ကြောင်း ကားဝယ်/ရောင်းတစ်ဦးကသုံးသပ်ခဲ့သည်။

ထို့ပြင် စက်မှုဇုန်ထုတ် လိုက်ထရပ်ယာဉ်များမှာလည်း အပ်ကားဈေးကွက် အနေအထားအရ ဈေး ကွက်အတွင်း အရောင်းအဝယ်မရှိဘဲ ငြိမ်သက်လျှက်ရှိကြောင်းသိရသည်။

ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အပ်နှံရန် လက်ခံလျှက်ရှိသော '၁က' ယာဉ်များမှာလည်း ကျပ် ၇၅သိန်း၊ သိန်း ၈ဝ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အတွင်း စက်မှုဇုံထုတ်ဂျစ် ကားများဝင်လာသဖြင့် အရောင်းအဝယ်အေးလျှက်ရှိကြောင်း သိရသည်။မန္တလေးကားဈေးကွက်အတွင်း တွင် လက်ရှိဖရီးပါမစ်ဖြင့်တင်သွင်းလာသော Honda Fit ၊ Toyota Belta နှင့်ခွေးဘီလူးကားများအရောင်း အဝယ်ဖြစ်လျက်ရှိပြီး တန်ဖိုးမြင့်ကားများမှာ ဈေးနှုန်းများကျဆင်းလျက်ရှိသော်လည်း အရောင်းအဝယ်အေး လျက်ရှိသည်။

ယခုဇူလိုင်လတတိယပတ် မန္တလေးမြို့ကားဈေးကွက်အတွင်း '၁က' အပ်ကားများနှင့် စက်မှုဇုန် ထုတ်ဂျစ်ကားများအနေနှင့် ဈေးနှုန်းများကျဆင်းသွားမှုနှင့်အတူ အရောင်းအဝယ်ပိုင်းမှာလည်း အေးသွားခဲ့ မှုရှိသကဲ့သို့ တန်ဖိုးမြင့်ကားများမှာလည်း ဈေးနှုန်းစောင့်ဆိုင်းမှုများဖြင့် အရောင်းအဝယ်အေးလျက်ရှိပေ သည်။

REF: Auto Mobile Weekly Car Journal

Author