နယ်အပ်ကားများ ရန်ကုန် လိပ်စာမပေးရန် တိုင်းအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးရုံးသို့ လာရောက်တင်ပြထားခြင်းမရှိသေး

0

Full article

သီလဝါ ဆိပ်ကမ်းတွင်ရှိနေသော ယာဉ်အို၊ ယာဉ်ဟောင်းအပ်ကားများ

နယ်အပ်ကားများ ရန်ကုန်လိပ်စာ မပေးရန်နှင့် ရန်ကုန်တိုင်းတွင် အပ်နှံသည့် ယာဉ်များကိုသာ ရန်ကုန်တိုင်း ပါမစ်ထုတ် ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံး၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ယနေ့အထိတင်ပြထားခြင်းမရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံ ကနေသိရသည်။

"နယ်အပ်ကားတွေကို ရန်ကုန်လိပ်စာမပေးဖို့အတွက် ဒီနေ့အထိ လာပြီးတင်ပြထားတာ မရှိသေးပါဘူး။ ဝန်ကြီးရုံးကို တင်ပြထားမှပဲ ပေးမယ်၊ မပေးဘူး ဆက်ပြီးစဉ်းစားလို့ရမှာပါ။ ဒါတောင် အချိန်အများကြီးလိုပါသေးတယ်။ "လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ကသိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကားဝယ်ရောင်းများမှ ယာဉ်အိုယာဉ်ဟောင်း အပ်ကားများအပ်နှံ၍ ပုံစံ(ဃ) စလစ်ထုတ်ယူပြီး ရန်ကုန်လိပ်စာဖြင့် ရရှိရန် စလစ်များ ပြုလုပ်နေလျှက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ယခင်ကတည်းက နယ်မှကားတစ်စီး ရန်ကုန်ဝင်ရောက်လိုပါက ပါကင်ထောက်ခံချက်ပါရှိမှသာ ခွင့်ပြုပေးရန်လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ယာဉ်များကို စလစ်ကပ်မည်ဆိုပါက ရန်ကုန်လိပ်စာဖြင့် ခွင့်မပြုရန် ကန့်သတ်ထားခြင်း မရှိခဲ့ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန မှ သိရပါသည်။

"ယခုလက်ရှိမှာတော့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်များအတွက် ရန်ကုန်တိုင်း မှ အပ်နှံ တဲ့ယာဉ်တွေကိုသာ ရန်ကုန်တိုင်း ပါမစ် ထုတ်ပေးဖို့ ကျွန်မတို့အနေနဲ့ စတင်ပြီးစီစဉ်ဆောင်ရွက်လျက်နေပါတယ် "ဟု လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အစည်းအဝေးမှာ ပြောကြားထားခဲ့သည်။

P-01

Author