ရန်ကုန်မြို့တွင်း မောင်းနှင်နေသော Taxi များကို မိုဘိုင်းဖုန်းမှ တစ်ဆင့်ခေါ်ယူဌားရမ်းမည့် အစီအစဉ် မကြာခင်စတင်မည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲမောင်းနှင်နေသော Taxi များကို နိုင်ငံတကာတွင်ကျင့်သုံးနေသည့် မိုဘိုင်းဖုန်းမှ တစ်ဆင့်ခေါ်ယူဌားရမ်းနိုင်မည့် အစီအစဉ်မကြာခင်စတင်အကောင်ထည်ဖော်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးအဏာပိုင်အဖွဲ့ကသိရပါတယ်။ထိုအစီအစဉ်ကို အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်လိုင်းကားများ စနစ်တကျပြေးဆွဲနိုင်ရန် လုပ်ဆောင်ပြီးသည်နှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိကြောင်းသိရပါတယ်။

အဌားယာဉ်များရပ်နားရန် Taxi stand များကိုလည်းတိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ရာ သွားလိုသည့် အကွာအဝေးကိုလိုက်၍ Taxi မီတာကဲ့သို့ ဈေးနှူန်းကောက်ခံသည့်စနစ်လုပ်ဆောင်သွားမှာဖြစ်သည်။

အများပိုင်ယာဉ်လိုင်းတွေ လုပ်ဆောင်ပြီးတာနဲ့ အဌားယာဉ်တွေကို စနစ်တကျပြေးဆွဲဖို့လုပ်သွားမှာပါ။အချိန်အားဖြင့် သိပ်မကြာတော့ပါဘူး။နိုင်ငံတကာလို မိုဘိုင်းဖုန်းကနေ တိုက်ရိုက်ဌားရမ်းလို့ရတဲ့ အစီအစဉ်လည်းလုပ်ဆောင်သွားမှာပါဟု အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် City taxi အစီးရေ ၆၆ဝဝဝ ကျော်ရှိနေပြီး နယ်လိုင်စင်ဖြင့်ရောက်ပြေးဆွဲနေမှူများလည်းရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author