ရန်ကုန် ကားပါကင်ကို COE စနစ်နဲ့ မကြာခင် တင်သွင်းခွင့်ပေးသွားမည်

0

Full article


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပါကင်တောင်းခံတဲ့စနစ်ကို COE စနစ်နဲ့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းရောင်းချသူများအသင်းနဲ့တွေ့ဆုံခဲ့ရာတွင် ပြောကြားသွားခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ကားပါကင်ထောက်ခံချက်နဲ့ ကားတင်သွင်းတာကို ဇန်နဝါရီလ ၁ ရက်နေ့ကပြုလုပ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှူထိန်းချူ ပ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလအတွင်းတွင် ရပ်ဆိုင်းခဲ့တယ်။

ယခုအခါ ရန်ကုန်ကားပါကင်ထောက်ခံချက်ပါရှိရင် ကားတင်သွင်းတာကို COE ကားတင်သွင်းခွင့်လက်မှတ်နဲ့တင်သွင်းခွင့်ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

မကြာခင်မှာ ရန်ကုန်ကားတင်သွင်းတာကို COE စနစ်နဲ့လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောပါတယ်။COE စနစ်က ကားဝယ်ဝယ်တင်သွင်းတဲ့လက်မှတ်ကိုလေလံဆွဲရတာပါ။ ကားဈေးကတော့ ပိုပြီးတက်လာမှာဖြစ်တယ် လို့ မော်တော်ယာဉ်အသင်းက ပြောပြခဲ့သည်။

ခေတ်သစ်

Author