Full article

ရန်ကုန်ကားဈေးကွက်တွင် သီတင်းကျွတ်ကာလ ရောက်ရှိလာသော်လည်း အရောင်းအဝယ်အေးစက်နေသေးကြောင်း ဝယ်ရောင်းကြီးများက ပြောပြသည်။ လက်ရှိအချိန်တွင် နယ်ဝယ်လက်များဆင်းလာနေသော်လည်း ဈေးကွက်သွက်လာခြင်းမရှိသေးပေ။ စလစ်ဈေးများမြင့်တက်နေခြင်းကြောင့် စလစ်ကားများမှာလည်း ဈေးကွက်ဈေးပျက်နေခဲ့သည်။

7408509744_1c0dcc5c60

လက်ရှိကားဈေးကွက်တွင် အရည်ကြိုကားများနှင့် အ အက္ခရာကားများ ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။ Super Custom နှင့် HiAce ကားများ အဝယ်အနည်းငယ်လိုက်လာခဲ့သည်။ လက်ရှိဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် Pick-up ကားများ အလုံးအရင်းဖြင့်ဝင်ရောက်လာနေခဲ့သည်။ လက်ရှိဈေးကွက်မှာခန့်မှန်းရခက်သည့် အနေအထားဖြစ်သော်လည်း သီးနှံပေါ်ချိန်တွင် ဈေးကွက် ပြန်လည်ကောင်းမွန်မည်ဟု ဝယ်ရောင်းကြီးများက ခန့်မှန်းကြသည်။

ယခုတစ်ပတ် သီရိမင်္ဂလာဈေးကွက်အနေအထားမှာ ခန့်မှန်း၍မရသော အခြေအနေသို့ရောက်ရှိနေကြောင်း ယင်းယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်းကြီးများက ပြောသည်။ AD Van၊ Probox ကားများမှာ ယခုတစ်ပတ်တွင် အရောင်းအယယ်အေးနေခဲ့ပြီး Succeed နှင့် Honda Fit GE 6 ကားများမှာအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ အမြင့်ကားများဖြစ်သော Kluger ၊ Hilux Surf ၊ Prado စသည့် 4 WD ကားများမှာလည်း အရောင်းအဝယ်သွက်နေကြောင်း သိရှိရသည်။

မင်းရဲကျော်စွာဈေးကွက်မှာမူ ပုံမှန်အတိုင်းသာအရောင်းအဝယ်ဖြစ်နေကြောင်း ဝယ်ရောင်းကြီးများမှ ပြောသည်။ ယခင်ရက်ပိုင်းက နယ်ဝယ်လက်များဆင်းသော်လည်း ယခုရက်ပိုင်းတွင် နယ်ဝယ်လက်များအဆင်းနည်းသဖြင့် အရောင်းအဝယ်ထင်သလောက်မဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မင်းရဲဗကျာ်စွာယာဉ်ရောင်းဝယ်ရေးစခန်းပြောင်းရွေ့ရန်အတွက် နွယ်ခွေ နှင့် တောင်ဒဂုံမြို့နယ်များရှိ မြေနေရာ သုံးနေရာကို ရွေးချယ်ထားကြောင်း ၊ မည်သည်နေရာကို ပြောင်းရွေ့မည်ဆိုသည်ကိုတော့ မသိရှိရသေးကြောင်း ကားဝယ်ရောင်းများက ပြောသည်။

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းရှိ ရေဆေးလုပ်သားများမှာလည်း ယခုမိုးပါးသော အချိန်၌ ပုံမှန်အတိုင်းရေဆေးနေရပြီး တစ်နေ့လျှင် ပျှမ်းမျှ ၇ စီး မှ ၁ဝ စီး ကြားရေဆေးနေရကြောင်း သိရှိရသည်။

အနှစ်ချုပ်အနေဖြင့် ရန်ကုန်ကားဈေးကွက်တွင် Belta ၊ Toyota Vitz ၊ RAV 4 စသည့်ကားများမှာ အရောင်းအဝယ်အေးစက်နေပြီး ကျပ် သိန်းတစ်ရာဝန်းကျင်ကားများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

Auto Mobile Weekly Journal မှ ကူးယူဖော်ပြသည်။

Photo Credit by Stefan Munder

Author