ရန်ကုန်မြို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများကို ဒီဇင်ဘာ ၁၅ ရက်မှစ၍ မထသ တံဆိပ်နှင့် ခရီးလမ်းကြောင်းများ ပြောင်းလဲမည်

0

Full article


ရန်ကုန်မြို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများကို ဒီဇင်ဘာ ၁၅ ရက်မှစ၍ မထသ တံဆိပ်နှင့်ခရီးလမ်းကြောင်းများ ပြောင်းလဲသွားတော့မှာ ဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကသိရပါတယ်။


ခရီးသည်တင်ကားများတွင် ရေးဆွဲထားသော မထသ တံဆိပ်များပြောင်းလဲ၍ နံပါတ်စဉ်အလိုက် အများပိုင်တံဆိပ်များ ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ယာဉ်လမ်းကြောင်းများကို အတိုချူံ း၍ ကုမ္ပဏီများအုပ်ချူ ပ်သည့် ပုံစံသို့ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ကစပြီး မထသ တံဆိပ်တွေကိုပြောင်းလဲမယ်။ယာဉ်လိုင်းတွေကို ကုမ္ပဏီတွေက အုပ်ချူ ပ်တဲ့ပုံစံနဲ့သွားမှာပါ။အခုလောလောဆယ်တော့ ကားအသစ်နဲ့ ကားအဟောင်းတွေတွဲပြီးပြေးဆွဲမယ်။နောက်ပိုင်း အများပိုင်ဘတ်စ်ကားစနစ်ကို အားလုံးပြောင်းလဲသွားမှာပါ။လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကပြောပါတယ်။
လက်ရှိပြေးဆွဲမည့် ပုံစံမှာ အများပိုင်ယာဉ်လိုင်းစနစ်မဟုတ်သေးသော်လည်း အများပိုင်းယာဉ်လိုင်း စနစ်ဖော်ဆောင်ရန် တစ်ဖြည်းဖြည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အများယာဉ်လိုင်းပြေးဆွဲရန် အများပိုင်ကုမ္ပဏီ ၈ ခု ရွေးချယ်ထားရှိပြီး ထိုကုမ္ပဏီများမှ ယာဉ်လိုင်များ၏ စည်းကမ်းပိုင်းများ တာဝန်ယူ ကိုင်တွယ်ရမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author