Ye Nadi Motor ၏ Suzuki Road show ပွဲကို Junction City တွင်ကျင်းပခဲ့

0

Full article

Ye Nadi Motor မှ Suzuki Road show ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့ကJunction City မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ Suzuki Road Show ပွဲမှာတော့ Suzuki Ertiga၊ Ciaz နှင့် Swift-GLX တို့ကို ပြသရောင်းချခဲ့ပြီး ကားသစ်များကို ၁ နှစ်မှ ၇ နှစ် အရစ်ကျချေးငွေစနစ်၊ အခမဲ့ဝန်ဆောင်မှု၊ အခမဲ့အရောင်းကော်မရှင်တို့ဖြင့် ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် Suzuki နဲ့ AYA Bank ပူးပေါင်းထားတဲ့ AYA Super Suzuki Finance ဖြင့်လည်း ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

ကားတန်ဖိုးတွေကတော့ Suzuki Ertiga ကားတန်ဖိုးမှာ  27,200,000 MMK ရှိပြီး ကညနစရိတ်၊ ဘီးခွန်နှင့် ဝယ်ခွန်အားလုံးပေါင်း အပြီးအစီးခန့်မှန်းခြေ  31,700,000 MMK ကျသင့်မှာဖြစ်ပါတယ်။ Suzuki Ciaz ရဲ့ကားတန်ဖိုးကတော့ 27,200,000 MMK ရှိပြီး ကညနစရိတ်၊ ဘီးခွန်နှင့် ဝယ်ခွန်အားလုံးပေါင်း အပြီးအစီး ခန့်မှန်းခြေ 31,700,000 MMK ကျသင့်မှာဖြစ်ပါတယ်။ Swift-GLX ရဲ့ကားတန်ဖိုးကတော့ 24,100,000 MMK ရှိပြီး ကညနစရိတ်၊ ဘီးခွန်နဲ့ ဝယ်ခွန်အားလုံးပေါင်း အပြီးအစီးခန့်မှန်းခြေ 28,080,000 MMK တို့ဖြစ်ပြီး ငွေဖြူပြနိုင်ပါက ဝယ်ခွန်ပေးရန်မလိုအပ်ကြောင်း သိရပါတယ်။

Suzuki ကားသစ်များကို စိတ်ပါဝင်စားသူတွေအနေနဲ့ Ye Nadi Showrooms တွေဖြစ်တဲ့ ရဲနဒီ ရေကျော် – အမှတ် (၅ဝ/၅၂)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့နှင့် ရဲနဒီ သာကေတ အမှတ် (၂၉၆) C1/C2 ဧရာဝဏ်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့တို့မှာ အသေးစိတ်သွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

Author