YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင် အားနည်းနေသေးဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ Managing Director ဦးအောင်ညီညီမော်မှ ပြောကြားခဲ့သည်။
"ကျွန်တော်တို့အခု YBS ယာဉ်တွေမှာ Telematics System တပ်ဆင်ထားပါတယ်။ အဲဒီ Telematics System ကိုနိုင်ငံတကာ public transportation တွေမှာ အဓိကသုံးပါတယ်။ ယာဉ်တွေကို အစုလိုက်၊ အပြုံလိုက် ထိန်ကျောင်းနိုင်တဲ့နည်းပညာပါ။ Telematics System မှာဝါယာကြိုး ၂၆ ချောင်းပါဝင်ပါတယ်။ အဲဒီ ဝါယာကြိုးတွေကို ကားမှာပါတဲ့ sensors တွေနဲ့ချိတ်ဆက်ထားပါတယ်။ Sensors တွေကတစ်ဆင့် ယာဉ်ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်၊ maintenance လုပ်ပြီးပြီလား၊ လိုင်စင်သက်တမ်းတိုးပြီးပြီလား၊ ဘယ်အမြန်နှုန်းနဲ့မောင်းနေလဲ၊ နောက်ဆုံးယာဉ်မောင်းက ခါးပတ်ပတ်ထားလား/မပတ်ထားဘူးလား ဆိုတာကိုတောင် Control Centre ကတစ်ဆင့် သိနေရမှာပါ။ ဒါပေမယ့် လက်တလောမှာတော့ YBS ယာဉ်တွေဟာ Telematics System မှာပါတဲ့ ဝါယာကြိုး ၂၆ ချောင်းမှာ ၄/၅ ချောင်းပဲ သုံးထားနိုင်ပါတယ်။ ကျွန်တော်တို့ YBS ကုမ္ပဏီတွေအနေနဲ့ နည်းပညာအသုံးပြုမှုမှာ အားနည်းနေပါသေးတယ်။" ဟု YRTA မှ Managing Director ဦးအောင်ညီညီမော် မှ ပြောကြားခဲ့သည်။
ယာဉ်တည်ထောင်ထားသော ကုမ္ပဏီများကို နည်းပညာအသုံးပြုနည်း သင်တန်းများဖွင့်လှစ်ပေးခဲ့သလို နည်းပညာနှင့်ပတ်သက်၍ သိလိုသည်များကိုလည်း YRTA ထံတွင် မေးမြန်းနိုင်ကြောင်း၊ လက်ရှိတွင် YBS ယာဉ်အားလုံးကို YRTA မှ Yangon Bus Operator (YBO) Command Center မှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်ပေးနေကြောင်း သိရသည်။
Zing