YBS ယာဉ်များ လမ်းပြောင်းပြန် မောင်းနှင်ပါက ရာသက်ပန် ယာဉ်လိုက်ခွင့် ပိတ်မည်

0

Full article

![](/redline/content/images/2017/07/f44f4-300x200.jpg)

_ Photo Credit_

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များကို လမ်းပြောင်းပြန်မောင်းနှင်သော ယာဉ်ကို ရာသက်ပန် ယာဉ်လိုက်ခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ကပြောကြားပါသည်။ ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်ကို ထိထိရောက်ရောက် အရေးယူမယ်။ လမ်းပြောင်းပြန်မောင်းရင် ကားနဲ့ ယာဉ်မောင်းကို ရာသက်ပန် ယာဉ်လိုင်းပိတ်သိမ်းအရေးယူသွားမယ်။ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါသည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်ဖျက်မှူများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်သလို ယာဉ်လိုင်းမှ ထုတ်ပယ်တဲ့ အထိအရေးယူသွားမှာဖြစ်ပါတယ်။ ယာဉ်လိုင်းများအနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ညွန်ကြားချက်များကို မလိုက်နာသော ယာဉ်ပိုင်ရှင်များ ယာဉ်လိုင်းတာဝန်ခံ operator များကို ထုတ်ပယ်ပြီး ကုမ္ပဏီ ယာဉ်သစ်များနှင့် အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ YBS စနစ် စတင်ပြေးဆွဲခဲ့သည်မှာ ၆ လနီးပါးရှိနေပြီ ဖြစ်သော်လည်း ယာဉ်စီးကမ်းဖောက်ဖျက် သော ယာဉ်များကို ထိရောက်စွာအရေးယူ မဆောင်ရွက်နိုင်ဘဲ ခရီးသွားပြည်သူများရဲ့ ဝေဖန်မှူများနဲ့ ခရီးသည်သေဆုံးလာမှူများပါရှိနေခဲ့သည်။

ခေတ်သစ်

Author