YBS ကားများ မှန်စတေကာအမည်း မကပ်ထားကြရန် ယာဉ်လိုင်းကုမ္ပဏီများကို YRTA သတိပေး

0

Full article

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျှက်ရှိသော ခရီးသည်တင် YBS ကားများ၏ အတွင်းခန်းများတွင် မမြင်နိုင်သည့် မှန်စတေကာအမည်းများနှင့် လိုက်ကာများ မကပ်ထားရန် YBS ယာဉ်လိုင်းကုမ္ပဏီများကို YRTA သတိပေးထားရှိကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ်များ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်သက်တမ်းတိုးခြင်းများပြုလုပ်ပေးရာတွင် မြင်နိုင်စွမ်းအား ၄ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်း အထိ မှန်စတေကာများ ကပ်ခွင့်ပြုပေးသော်လည်း အဌားယာဉ်တက္ကစီများ မှန်စတေကာအမည်းကပ်ခြင်းကိုမူ ဖမ်းဆီးလျှက်ရှိပြီး ယခု အများပြည်သူသယ်ယူပို့ဆောင်ရေး YBS ကားများကိုလည်း မှန်စတေကာအမည်းများ မကပ်ထားရန် အသိပေးခြင်းဖြစ်ကြောင်း သိရသည်။

" YBS ကားတွေမှာ စတေကာအမည်းကပ်တာတွေကို မကပ်ဖို့ ယာဉ်လိုင်းတွေကို သတိပေးထားပါတယ်။ ကား အတွင်းပိုင်းကို မမြင်နိုင်တဲ့ လိုက်ကာတွေလည်း ကာမထားဖို့ ယာဉ်လိုင်းကုမ္ပဏီတွေကို သတိပေးထားတယ်။ "ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်းရှိ ယာဉ်လိုင်းကုမ္ပဏီများကို သတိပေးပြောကြား ထားရှိသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေပေးနေသော ခရီးသည်တင် YBS ယာဉ်များ စတေကာအမည်းမကပ်ရန် သတိပေးပြောကြားထားသော်လည်း အဲယားကွန်းမဖွင့်ဘဲ မောင်းနှင်နေသော ကားများကို အရေးယူနိုင်ခြင်းမပြုလုပ်သေးကြောင်း သိရပါသည်။

FDA ဝန်ထမ်းတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း အဌားယာဉ် တက္ကစီ ကားများကို မှန်များတွင် စတေကာအမည်းတပ်ဆင်ခြင်း လုံးဝ ခွင့်မပြုတော့ဘဲ စတေကာအမည်းတပ်ဆင်ထားသော တက္ကစီများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလျက်ရှိရ တက္ကစီ ၁၁၇ စီး အထိ ဖမ်းဆီးအရေးယူထားရှိကြောင်း သိရသည်။

Law Enforcement

Author