သင်္ကြန်အတွင်း အဝေးပြေးယာဉ်လိုင်းတွင် မြို့တွင်း YBS ကားများ အစားထိုးပြေးဆွဲပေးမည်

0

Full article

သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းများသို့ ပြန်မယ့် ခရီးသည်များအတွက် ဒဂုံဧရာ အဝေးပြေးယာဉ်လိုင်းတွင် မြို့တွင်း YBS ကားများ ဖြင့် အစားထိုးပြေးဆွဲပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲက သိရပါသည်။ သင်္ကြန်ကာလတွင် ဧရာဝတီတိုင်းဒေသကြီးဖြစ်သည့် ပုသိမ်၊ဓနှဖြူ ၊ဟင်္သာတ စတဲ့ နေရာများသို့ပြန်မည့် ခရီးသည်များမှာ ကားအစီးရေ မလုံလောက်မှူများ နှစ်စဉ် အဝေးပြေးကားစီးနင်းမှူအဆင်မပြေဖြစ်နေ၍ မြို့တွင်း YBS ကားနဲ့အစားထိုးပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါသည်။ "သင်္ကြန်မှာ ဒဂုံဧရာ အဝေးပြေးကားတွေနေရာမှာ မြိတွင်းYBS ကားတွေနဲ့ ပြေးဆွဲပေးသွားမယ်။ အဝေးပြေးကားတွေ က သင်္ကြန် ပိတ်ရက်ဆို ဇာတိတွေကို ပြန်မယ့် ခရီးသည်တွေ အဆင်မပြေလို့ မြို့တွင်း YBS ကားတွေပါ ထပ်တိုးပြေးဆွဲပေးတာပါ။"ဟု အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ အဝေးပြေးလိုင်းများတွင် YBS ကားအစီးရေမည်မျှ ပြေးဆွဲပေးနိုင်ရန် အဝေးပြေးယာဉ်လိုင်းများနဲ့ ဆွေးနွေးနေလျှက်ရှိရာ လက်ရှိတွင် ဒဂုံဧရာအဝေးပြေးဝန်းတွင် ဧရာဝတီတိုင်းဒေသကြီးဘက်သို့ပြေးဆွဲပေးနေသော ယာဉ်လိုင်း ၁ဝ၇ လိုင်းရှိပြီး ယာဉ်အစီးရေ ၉၂၁ စီးဖြင့်ပြေးဆွဲပေးနေတယ်လို့ သိရပါသည်။

Author