ဝန်ဆောင်မှူ မပေးနိုင်သော ယာဉ်လိုင်းများ YBS မှ ထုတ်ပယ်မည်

0

Full article

ရန်ကုန်မြို့ အတွင်း ပြေးဆွဲနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ မှ ဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်သော ယာဉ်လိုင်းများကို YBS မှ ထုတ်ပယ်သွားမှာ ဖြစ်တယ်လို့ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ က ယာဉ်လိုင်းများကို သတိပေးပြောကြားထားခဲ့ကြောင်း သိရပါသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲပေးနေသော ယာဉ်လိုင်း ပေါင်း၉ဝ ကျော်ရှိ၍ အချိူ့ သောယာဉ်လိုင်းများတွင် အဲယားကွန်း ဖွင့်လှစ်ခြင်းမရှိသည့်အပြင် ယာဉ်စီးခ ကို စပါယ်ယာ မှ ကောက်ခံနေမှူများရှိနေခြင်းကြောင့် ယာဉ်လိုင်းအတွင်းက ထုတ်ပယ်သည် အထိ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါသည်။

" ဝန်ဆောင်မမှူပေးနိုင်တဲ့ ယာဉ်လိုင်းတွေ ကို ထုတ်ပယ်မယ်လို့ သတိပေးထားတယ်။ တစ်ချိူ့ယာဉ်လိုင်းတွေက အဲယားကွန်းမဖွင့်ဘဲ မောင်းနေကျတာတို့ ယာဉ်စီးခကို ပိုတောင်းတာတို့ ကိုယ်ရကိုယ်ယူစနစ် နဲ့ အလုအယက်လုတက်နေတာတွေရှိနေသေးလို့ သတိပေးထားလိုက်တယ်။ နောက်ပိုင်းကျရင် မီနီဘတ်စ် ကားတွေနေရာမှာလည်း ကားသစ် တွေနဲ့ အစားထိုးပြီး ပြေးဆွဲသွားမယ်လို့ ပြောထားတယ်။" ဟု YRTA အစည်းအဝေး တက်ရောက်ခဲ့သူ ယာဉ်လိုင်းကုမ္ပဏီ မှ တာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်မြို့ အတွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းများအားလုံးကို ယခုနှစ်ကုန်တွင် အများပိုင်စနစ် ပြောင်းလဲသွားမည်ဖြစ်ရာ
YBS ယာဉ်လိုင်းများ အားလုံး မှ ကိုယ်ရကိုယ်ယူစနစ်များကို ဖျက်သိမ်းပြီး ရှယ်ယာ စနစ် သို့ ဝေပုံကျခွဲယူသော စနစ်များဖြင့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။

Regulation

Author