ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင်ယာဉ်များဖြစ်တဲ့ YBS အများပိုင်ဘတ်စ်ကား ယာဉ်စီးခနှူန်းထား ခရီးစဉ်အတိုများကို ၂ဝဝ ကျပ်မှ ၁ဝဝ ကျပ်သို့ ပြောင်းလဲကောက်ခံသွားရန်ရှိနေတယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရပါတယ်။လက်ရှိတွင် YBS အများပိုင်ယာဉ်စီးခနှုန်းထားမှာ ခရီးစဉ်အကွာအဝေးသတ်မှတ်မထားဘဲ ခရီးစဉ်အစအဆုံး ၂ဝဝ ကျပ် သတ်မှတ်ထားရှိပြီး ခရီးစဉ်မှတ်တိုင် အတိုများကိုလည်း ၂ဝဝ ကျပ်သာကောက်ခံနေလျှက်ရှိသဖြင့် ခရီးသွားပြည်သူများအဆင်ပြေစေရန်ပြောင်းလဲ သွားဖို့စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YBS အများပိုင်ယာဉ်စီးခများကို ကဒ်စနစ်ဖြင့်ပေးဆောင်သည့်စနစ်လုပ်ဆောင်နိုင်ရန်လျှာထားတယ်လို့သိရပါတယ်။
ယခု လက်ရှိတွင် YBS အများပိုင်ယာဉ်လိုင်းမှာ မြို့တွင်းပတ် ယာဉ်စီးခများကို ၁ဝဝ ကျပ်သာကောက်ခံနေပီး ခရီးသွားပြည်သူများ အဆင်ပြေသွားလာနိုင်ရန် ည ၁ဝ နာရီအထိ ပြေးဆွဲပေးနေလျှက်ရှိကြောင်းသိရပါတယ်။
ခေတ်သစ်