တရားမဝင်ကြားကားစနစ်ကို လက်ခံထားတာမရှိဘဲ YBS ယာဉ်လိုင်းများ ညအချိန် ၂၄ နာရီ ထပ်တိုးပြေးဆွဲပေးသွားရန်ရှိဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဆို

0

Full article

ခရီးသည်တင် YBS ယာဉ်လိုင်းများ ညအချိန် ၂၄ နာရီ ထပ်တိုးပြေးဆွဲပေးသွားရန်ရှိရာ ကြားကားစနစ်ကို လက်ခံထားတာမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA (၂) နှစ်ပြည့် အခမ်းအနားတွင်ပြောဆိုသွားခဲ့သည်။

"ကြားကားစနစ်ကို လက်ခံထားတာမရှိပါဘူး။ ဥပဒေရဲ့အပြင်က ဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ကြားကားဟာ တရားဝင်လုပ်ငန်း မဟုတ်တဲ့အတွက် တရားဝင်လုပ်ငန်းကိုပဲ အဆင်ပြေချော့မွေ့အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ၂၄ နာရီ ပြေးဆွဲတဲ့ယာဉ်လိုင်းတွေ၊ တဖြည်းဖြည်း YRTA ထဲမှာရှိတဲ့ယာဉ်လိုင်းတွေကို ညဘက်ပြေးဆွဲပေးဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသွားခဲ့သည်။

လက်ရှိညအချိန်တွင် အများပြည်သူခရီးသည်များ သွားလာရအဆင်ပြေစေရန် Omni Focus ယာဉ်လိုင်း ၄ လိုင်းဖြင့် ရန်ကုန်ဘူတာကြီးမှသည် လေဆိပ်အထိ Airport Shuttle ယာဉ်လိုင်းများ ၂၄ နာရီပြေးဆွဲနေပြီး တရားမဝင်ပြေးဆွဲနေသော အောက်ဆိုဒ် ကြားကားများ၏ ရန်ရှာနှောင့်ယှက်မှုများ ကြုံတွေ့နေရသောကြောင့် ရန်ကုန်မြို့လုံခြုံရေးကို ယခုထက်တိုးမြင့်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

Author