ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေကြောင်း လွှတ်တော်အမတ်များဆို

0

Full article

![width=300](/redline/content/images/2017/04/ybs-1-300x196.jpg)

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်လက်ထပ်တွင် အသစ်ပြန်လည်ပြေးဆွဲခဲ့သော YBS စနစ်သည် ပြည်သူစိတ်ပျက် YBS စနစ်ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဧပြီ ၂၄ တွင် ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီ့းလွတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်တွင် ဦးကျော်ဇောယျက YBS ယာဉ်လိုင်းများ ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းများတွင် ယနေ့အထိ ပြေးဆွဲမှုမရှိသည့် ယာဉ်လိုင်းများရှိနေခြင်း ၊ ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းဖောက်ဖျက်မှုများရှိနေခြင်း တွေ့ရှိနေရသည့်အတွက် ပိုမိုအဆင်ပြေသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာစေရန်အတွက် စီမံကိန်းစနစ်တကျရေးဆွဲပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက အများပြည်သူ စီးနင်းနေတဲ့ ခရီးသည်ပို့ဆောင်ရေး YBS စနစ်မှာ အဆင်မပြေသဖြင့် ကောင်းမွန်ပြည့်စုံသည့် စနစ်တစ်ခုကို သွားရန် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အနေနဲ့ လွတ်တော်အမတ်များ ဆွေးနွေးခဲ့တဲ့အဆိုများကို မကြာခင် ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author