YBS ၉၃ ဂိတ်ရင်းအား ဇွန် ၁ ရက်တွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို ပြောင်းရွှေ့မည်

0

Full article

ရန်ကုန်မြို့တွင်းပြေးဆွဲပေးနေသည့် ခရီးသည်တင် လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း YBS အမှတ် ၉၃ အား ယာဉ်ရပ်နားဝန်း နေရာဆောက်လုပ်ပြီးဆီးပြီဖြစ်၍ ယခင်ဂိတ်ရင်းဖြစ်သည့် တညင်းကုန်းလက်ကားဈေးသစ်မှ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း လူထုမိတ်ဆွေယာဉ်လိုင်းကသိရသည်။

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း၏ ယာဉ်လိုင်းအမှတ် ၉၃ကို ၂ဝ၁၈ ခုနှစ်၊ မတ်လ ၉ ရက် တွင် စတင် ပြေးဆွဲပေးလျက်ရှိရာ ယာဉ်ရပ်နားဝင်းဆောက်လုပ်ဆဲ ကိစ္စရပ်ကြောင့် မူလဂိတ်ရင်းဖြစ်သော ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ စတင်ပြေးဆွဲနိုင်ခြင်းမရှိဘဲ တညင်းကုန်းလက်ကားဈေးသစ်ကြီးကို ဂိတ်ရင်းအဖြစ် ယာယီသတ်မှတ်ကာ အခြေပြုပြေးဆွဲပေးနေလျက်ရှိရာမှ ယခုအခါ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အနီးရှိ ယာဉ်ရပ်နားဝင်းဆောက် လုပ်ခြင်းလုပ်ငန်းများ ပြီးစီးလုနီးပါးဖြစ်သောကြောင့် ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁ ရက် (သောကြာနေ့) မှ စတင်၍ ဂိတ်ရင်းကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (WYU) သို့ ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

" YBS ၉၃ ယာဉ်လိုင်းကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဂိတ်ရင်းကို ပြောင်းတာက ကျောင်းသား၊ ကျောင်းသူတွေ သွားလာရအဆင်ပြေဖို့ပြောင်းရွေ့တာဖြစ်ပါတယ်။ အရင်က ဂိတ်ရင်းဖြစ်တဲ့ယာဉ်ရပ်နားဝန်းဆောက်တာလည်း ပြီးပြီ ဆိုတော့ မူလဂိတ်ရင်းကို ပြန်ပြောင်းပြေးဆွဲပေးတာပါ။"ဟု လူထုမိတ်ဆွေယာဉ်လိုင်းမှ ကိုတရုတ်လေးက ပြောကြား သည်။

လူထုမိတ်ဆွေအမည်ဖြင့် Max Myanmar ကုမ္ပဏီ မှ YBS ကားအစီး ၅ဝဝ ၊ ယာဉ်လိုင်း ၉ လိုင်းတွင် ဝင်ရောက်ပြေးဆွဲရန် အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ ထံတင်ပြထာရှိပြီး မကြာခင်ယာဉ်လိုင်းသစ်များ ထပ်တိုးပြေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Public Transportation

Author