ကားများပပျောက်ရန် YBS ယာဉ်များ ည ၁ဝ နာရီအထိ အချိန်တိုးပြေးဆွဲပေးမည်

0

Full article

ရန်ကုန်မြို့တွင် ညပိုင်းခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် ကြားကားများ ပပျောက်စေရန် YBS ယာဉ်များကို ည ၁ဝ နာရီ အထိ အချိန်ထပ်တိုး ပြေးဆွဲပေးရန်ရှိကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က သိရသည်။

ထိုကဲ့သို့ YBS ယာဉ်များ အချိန်ထပ်တိုးပြေးဆွဲပေးရာတွင် ယာဉ်လိုင်းများ အားလုံးမဟုတ်ဘဲ နီးစပ်ရာ မြို့တွင်းပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများကိုသာ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ယာဉ်လိုင်းကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

" ယာဉ်လိုင်းအားလုံးတော့မဟုတ်ဘူး။ ဒါကလည်း ကုမ္ပဏီတွေနဲညှိနှိုင်းနေတုန်းရှိသေးတယ်။ အဓိကက ညဘက် ခရီးသည်တွေစီးရတာ အဆင်မပြေတာရယ် ကြားကားတွေ ပျောက်ဖို့အတွက် ၁ဝ နာရီအထိ ပြေးဆွဲပေးဖို့တော့ရှိတယ်။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တွင် ခရီးသည်တင် YBS ယာဉ်လိုင်း ၉ဝ ကျော်အထိရှိနေပြီး ကားအစီးရေ ၅ထောင် ကျော်နေ့စဉ် ပြေးဆွဲပေးနေရာ ယာဉ်လိုင်းများထပ်တိုးလာပါက ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော်အထိရှိလာမည် ဖြစ်ကြောင်း သိရသည်။

Author